9 (U/Z)

14.4K 2.4K 55
                                    

9.

(Unicode)

ကျွန်တော် ပန်းကန်ဆေးနေတဲ့အချိန် သူက ဘာလို့အိပ်နေတာလဲတို့၊ အိမ်အလုပ်မလုပ်ဘူးလားတို့ မမေးနဲ့နော်။

သူက တကယ်တမ်း အလုပ်တအားကြိုးစားတာဗျ။ ရှားရှားပါးပါး အားလပ်ရက်လေးများရလို့ကတော့ တစ်အိမ်လုံးကို ပြောင်းပြန်လှန်တော့မဲ့အတိုင်း ဆေးကြောပစ်တော့တာ။

မင်းတို့သိလား! ကျွန်တော်ကတော့ သူ့မှာ OCD ရှိတယ်လို့ထင်တာပဲ။ တော်တော်လေးပြင်းထန်တဲ့ အသန့်ကြိုက်တဲ့ရောဂါပေါ့ဗျာ။

ရေချိုးခန်းထဲက ပုလင်းတွေကို အတိုအရှည် အစဥ်တကျစီထားတာမျိုး၊ သွားတိုက်တံနဲ့ ရေခွက်လက်ကိုင်ကို တစ်ဖက်တည်း မျက်နှာမူထားတာမျိုး၊ နောက်ပြီး သူက သွားတိုက်ရင်တောင် စည်းချက်ညီညီ တိုက်တာဗျ။

သူ့အခန်းက ကောလိပ်ကျောင်းသားဘဝ အခန်းစစ်လာစစ်တဲ့အချိန်လိုဗျာ၊ ဆံပင်မွေးတစ်မျှင်တွေ့ရင်တောင် ချက်ချင်းလှည်းထုတ်ပစ်တာ။

သူ့နဲ့ တွေ့ခါစကတော့ ကျင့်သားမရဘူးပေါ့ဗျာ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အတည်တကျသတ်မှတ်ပြီး ပထမဆုံးကြုံခဲ့ရတဲ့ ကြေကွဲစရာအ​ဖြစ်လေးကို သိချင်လား? ကျွန်တော်တော့ အခုထိမှတ်မိသေးတယ်၊ ကျွန်တော်တို့ရဲ့ ပထမဆုံးအနမ်းလေးပေါ့။ သူ့ရဲ့ တပ်မက်မှုတွေပြည့်နေတဲ့ မျက်ဝန်းနက်နက်တွေနဲ့ ကျွန်တော့်ကိုကြည့်နေတာ၊ ကျွန်တော်တို့အရမ်းကို နီးကပ်နေကြပြီး ကျွန်တော့်နှလုံးသားလေးလည်း တဒိတ်ဒိတ်ခုန်နေတာ၊ သူ့အကြည့်တွေကလေ ဟိုးအတွင်းထဲထိ အရည်ပျော်ကျသွားလောက်တယ်ဗျာ။

ပြီးတော့ သူက ပြောလိုက်တာ... ဒါလင် မင်း ပီကေဝါးထားသေးလား။

ကျွန်တော် ဘာမှကို မပြောချင်တော့ပါဘူးဗျာ၊ အဲဒီအကြောင်း ပြန်သတိရမိတိုင်း ကျွန်တော့်နှလုံးသားလေးနာကျင်သွားရတာ...

.

ကျွန်တော်လည်း သူနဲ့ ဘယ်လိုလုပ်ပြီး အကြောင်းပါသွားလဲမသိတော့ပါဘူး။ ကျွန်တော့်ဦးနှောက်လေး ကားတံခါးနဲ့ ညပ်ပါသွားပြီး ရုတ်တရက်ကြီး သူအရမ်းချောတယ်လို့ ခံစားလိုက်ရပြီး မလွန်မဆန်နိုင်ဖြစ်သွားတာများလား။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now