29 (U/Z)

11.2K 1.8K 45
                                    

29.

(Unicode)

ကျွန်တော့်ချစ်သူ စားလို့ပြီးတဲ့အထိ စောင့်ကြည့်နေလိုက်တယ်။

သူနဲ့သိတာ ဒီလောက်အချိန်ကြာနေတာတောင် သူက အခုထိ ချောတုန်း၊ ခံ့တုန်း။

ဟင်း.. ဒီလိုအချိန်၊ နေရာ၊ အခြေအနေနဲ့ အချိန်အခါကြီးကလေ ဒီနားလေးမှာ အရိုင်းဆန်ဆန် ပြင်းရှရှ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ခင်းလိုက်ဖို့ အကောင်းဆုံးပဲ။

.

...မဖြစ်နိုင်တဲ့အရာတွေကို မစဥ်းစားတာကောင်းပါတယ်လေ။

.

ကျွန်တော့်ချစ်သူကပြောတယ် : ဒီည အိုဗာတိုင်ဆင်းရလောက်တယ်၊ ကိုယ် ညစာစားဖို့ အိမ်မပြန်ဖြစ်ဘူး။

ကျွန်တော် : ရတယ်၊ ငါလည်း အိုဗာတိုင်ဆင်းရမှာ။

တကယ်တော့ တစ်စုံတစ်ယောက်ကို နောက်ယောင်ခံလိုက်တယ်ဆိုတာ ထိုလူအပေါ် နှစ်ဆယ့်လေးနာရီ ခုနစ်ရက်လုံးအာရုံစိုက်ထားတာအကောင်းဆုံးပဲ။

ကျွန်တော့်ချစ်သူမေးလိုက်တယ် : အလုပ်အသစ် လက်ံခံလိုက်တာလား?

ကျွန်တော် ခေါင်းငြိမ့်လိုက်တယ်။

ကျွန်တော့်ချစ်သူ : ဘာအလုပ်မျိုးလဲ?

ကျွန်တော် : အရင်လိုပဲ။

ကျွန်တော့်ချစ်သူ : အိုး..

.  

ကျွန်တော့်ချစ်သူ : ဘာလို့ ဒီနေ့ မင်း ထူးထူးဆန်းဆန်းတွေလုပ်နေတယ်လို့ ခံစားနေရတာလဲ?

ကျွန်တော် : ဟား ဟား ဟား ငါက ဘာတွေထူးထူးဆန်းဆန်းလုပ်ရမှာလဲ၊ မင်းအတွေးလွန်နေပြီ ဟား ဟား ဟား

ကျွန်တော့်ချစ်သူ : ကြည့်လေကြည့်လေ သံသယဖြစ်စရာကောင်းလေပဲ။

ကျွန်တော် သူ့ဘောစ့်ကို နောက်ယောင်ခံလိုက်မယ်ဆိုတာ ရိပ်မိသွားတာလား?

ဘုရားရေ ကျွန်တော့်ချစ်သူသာ ကျွန်တော်ဒီအလုပ်ကို လက်ခံလိုက်တာသိသွားရင် ဒေါသထွက်မှာကျိန်းသေတယ်!

ဒီလိုအခြေအနေကြီးမှာ ကျွန်တော်ဘာလုပ်သင့်လဲ!

ကျွန်တော့်ချစ်သူက အရမ်းဉာဏ်ကောင်းတာ၊ လိမ်ညာ​ပြီးအရူးကွက်နင်းလို့ရမှာမဟုတ်ဘူး၊ ကျွန်တော့်ရဲ့ အဆုံးသတ် လျှပ်တစ်ပြက်တိုက်ကွက်ကို ထုတ်သုံးရတော့မှာပေါ့။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now