11 (U/Z)

13.5K 2.3K 29
                                    

11.

(Unicode)

ကျွန်တော့်ရဲ့ဂုဏ်သိက္ခာကို အကြီးအကျယ် စော်ကားခံလိုက်ရသလိုပဲ။

ကျွန်တော် ခွေးကိုရေမိုးချိုး၊ ခြောက်အောင်လေမှုတ်ပေးပြီးတဲ့အခါ ကျွန်တော့်ချစ်သူက ကားကို ပြောင်နေအောင် ရေဆေးခိုင်းတယ်ဗျာ။ ကျွန်တော့်ကားက အဲဒီအနံ့တွေ စွဲနေလို့တဲ့။

တကယ်ပဲ နားကိုမလည်ဘူး၊ သူကျွန်တော့်ကားကို စီးတာလည်းမဟုတ်ပဲနဲ့ ဘာလို့ ဒီလောက်ကြီး စန်းစန်းတင့်နေရတာတုန်း။

ကျွန်တော်လည်း ကားဆေးပြီးတော့ မနက် ၃ နာရီထိုးနေပြီ၊ ပင်ပန်းလွန်းလို့ တစ်ကိုယ်လုံး ကိုက်ခဲနေရော။ ကျွန်တော်တော့ ကြမ်းပြင်ပေါ်ပစ်လှဲချပြီး အိပ်ပစ်လိုက်ချင်တာ၊ ဒါပေမဲ့ သူက ကျွန်တော့်ကို အတင်းကြီး ရေချိုးခိုင်းပြန်တယ်ဗျာ။

.  

မင်း ရေမချိုးရင် အိမ်ထဲမဝင်နဲ့လို့ ပြောတာ။

.

'မင်းပြောနေတဲ့ပုံက ငါသာရေချိုးပြီးရင် မင်းခုတင်ပေါ် တက်အိပ်ခွင့်ပြုမှာကျနေရောပဲ!!!'

'ဒီဘေဘီလေး ပျော်မနေဘူးနော်!'

.

ကျွန်တော်လည်း အိမ်ရှေ့ကြီးမှာ စကားမများချင်တာနဲ့ ဒေါသတွေမြိုသိပ်ပြီး ရေချိုးဖို့ပဲလုပ်လိုက်တယ်။

ကျွန်တော့်ချစ်သူက ကျွန်တော့်ကို လှမ်း,လှမ်းကြည့်နေတယ်၊ ပြီးတော့ ရုတ်တရက်ပြောတယ် : မင်းအနံ့တွေအရမ်းထွက်နေတယ် မင်းကိုယ်မင်း ပြောင်အောင် သေချာဆေးနိုင်မှာမဟုတ်ဘူး။

ဟီးဟီး

အဲ့လိုဆိုလည်း မင်းရေချိုးပေးလေ!

ကျွန်တော့်ချစ်သူက မနှစ်မြို့တဲ့မျက်နှာထားနဲ့ : ရေချိုးခန်းထဲဝင်လိုက် ကိုယ်မင်းကိုရေချိုးပေးမယ်။

အဟွန်း.. ငါထင်သားပဲ မင်းမလုပ်လောက်... ဟမ်... ဘာရယ်?!

'သူဘာပြောလိုက်တယ်?!!'

(Zawgyi)





.  


.



.



ဟီးဟီး




'သူဘာပြောလိုက်တယ်?!

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now