32 (U/Z)

11K 1.8K 56
                                    

32.

(Unicode)

ကျွန်တော်ဘက်က အသေးစိတ်အစီအစဥ်ဆွဲပြီးနောက်မှာ ကျွန်တော့်ချစ်သူဆီက ဖုန်းဝင်လာတယ်။

သူက​ အမှုကိစ္စတစ်ခု အပြီးသတ်ခါနီးပြီီဖြစ်လို့ သူ့ဘောစ့်ဆီ ခွင့်ရက်ယူပြီး ဒီရက်ပိုင်းအတွင်း ဆေးခန်းသွားဖို့လုပ်ထားတယ်လို့ပြောတယ်။

ဒါသေချာပေါက်သဘောတူရမှာပေါ့!

ကျွန်တော့်ချစ်သူက​ သူ့ဘောစ့်က သူတို့တွေကို အတူတူဆုံကြဖို့ဖိတ်ထားတယ်၊ သူ ဒီည အိမ်ပြန်နောက်ကျမယ်လို့ ဆက်ပြောတယ်။

သူတို့ ဆုံမယ့်လိပ်စာကို မသိမသာလေး မေးထားလိုက်တယ်။ အဲဒါ စားသောက်ဆိုင်တစ်ခုမှာပဲ၊ ကျွန်တော်လည်း ကားတစ်စီးငှားပြီး အဲဒီနေရာကို စောင့်ကြည့်ဖို့သွားလိုက်တယ်။

သူတို့ ၆ နာရီလောက်မှာ ဆိုင်ကိုရောက်လာကြပြီး ၉နာရီလောက်မှာ ပြန်ထွက်သွားကြတယ်။ လူတချို့က အိမ်ပြန်သွားပြီး ကျန်တချို့ကတော့ တစ်နေရာရာကိုသွားဖို့ကားပေါ်တက်နေကြတယ်။

အဲဒီအထဲမှာ ကျွန်တော့်ချစ်သူရော သူ့ဘောစ့်ပါ,ပါတယ်။

ကျွန်တော်နောက်ကနေ ကားနဲ့ခိုးကြောင်ခိုးဝှက်လိုက်ကြည့်တော့ သူတို့ ဘားတစ်ခုထဲဝင်သွားတာတွေ့လိုက်ရတယ်။

သူတို့ စကီလေးတွေရှာဖို့လာတာဖြစ်နိုင်တယ်?!

ကျွန်တော်လည်း နည်းနည်းဒေါသထွက်သွားတယ်။

ဟုတ်တာပေါ့၊ ကျွန်တော့်ချစ်သူကတော့ သူတို့နဲ့ပရောပရည်မလုပ်ဘူးပေါ့၊ ပရောပရည်လုပ်တယ်ဆိုတာ အများစုက တစ်ညတာအိပ်ဖို့အတွက်လေ၊ ပြီးတော့ ကျွန်တော့်ချစ်သူမှာ တစ်ညတာအိပ်ဖို့ရာ စွမ်းဆောင်ရည်မရှိဘူးလေ။

.

ခဏလေး ကျွန်တော်က ဒါလေးအတွက်နဲ့ ကျွန်တော့်ချစ်သူမစွမ်းဆောင်နိုင်တဲ့ကိစ္စကို ပျော်နေတာလား...

မဟုတ်သေးဘူး မဟုတ်တာတွေစဥ်းစားနေလိို့မဖြစ်ဘူး...

.

အင်းးး တကယ်လို့ အဲဒီလူကြီးက တကယ်ပဲဖောက်ပြန်နေတာဆိုရင် ကျွန်တော်လည်း ဓာတ်ပုံလေးရိုက်ထားလိုက်ရုံပေါ့၊ အဲဒီ ကျွန်တော့်ရဲ့ ဉာဏ်မရှိတဲ့အမှုသည်ဆီက ကျွန်တော့်ချစ်သူကို နောက်ယောင်ခံလိုက်ဖို့နဲ့ပတ်သတ်ပြီး စိတ်အနှောင့်ယှက်ပေးတာခံစရာမလိုတော့ဘူး!

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now