8 (U/Z)

14.6K 2.5K 85
                                    

8.

(Unicode)

လွန်ခဲ့တဲ့ရက် အနည်းငယ်လောက်ကပေါ့ ကျွန်တော်အိမ်ပြန်လာတယ်။ သူရောကျွန်တော်ရော အိုဗာတိုင်မဆင်းရဘူးလေ။

ကျွန်တော်တို့နှစ်ယောက် အတူတူ ညစာစားကြပြီး ဇာတ်ကားထိုင်ကြည့်ကြတယ်ဗျ။

ဇာတ်ကားကို သူရွေးတာ။ အဲ့ဒါအံ့သြစရာကောင်းလောက်အောင် ထုတ်ပြောလို့မသင့်တဲ့ကားမျိုးဗျ။

သောက်ကျိုးနည်း လူအေးကြီးက ပြောဖို့မသင့်တဲ့ အချစ်ကားမျိုးကြည့်တယ်၊ ဘယ်လိုလုပ်ကြမလဲ ကျွန်တော်တော့ အရမ်းတွေစိတ်လှုပ်ရှားလာပြီ။

အဲ့လိုနဲ့ သူဇာတ်ကားဒေါင်းနေတုန်းမှာ ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ ပန်းကန်တောင်မဆေးနိုင်ပဲ ရေပြေးချိုးလိုက်တယ်။

ကျွန်တော် အဲ့ဒီကားကို မကြည့်ဖူးဘူး။ ကျွန်တော့်မှာ အလုပ်များလွန်းလို့ ဇာတ်ကားကြည့်ချိန်လေးတောင် မရှိဘူးဗျ။

ဇာတ်လမ်းအဖွင့်က အုံးမှိုင်းနေတဲ့ တောနက်ကြီးထဲက ခြောက်ခြားဖွယ်ရာ ရဲတိုက်အိုကြီးပေါ့ဗျာ။

အဓိကဇာတ်လိုက်က ဗမ်ပိုင်းယားတွေရှိတဲ့ ရဲတိုက်ထဲကို မတော်တဆရောက်သွားတဲ့လူသားတစ်ဦး။

အိုးဟိုးဟိုး.. ထိတ်လန့်ဖွယ်ရာပြကွက်လေးတွေပါတယ်ဟ။ အကြိုက်ပဲပေါ့ဗျာ။

သရဲကား! ကြည့်ရင်းနဲ့ ကြောက်ချင်ယောင်ဆောင်၊ ကိုယ့်ချစ်သူ ရင်ခွင်ထဲတိုး၊ ဟိုပွတ်ဒီပွတ်လုပ်လိုက်ရင် ရာသီဥတုက ကိုယ့်ဘက်ပါလာမှာပေါ့! ရှယ်ပဲ!

ဟုတ်ပါတယ်၊ ကျွန်တော်မျိုး အရမ်းကိုမိုက်မဲလှပါတယ်။

. 

ကျွန်တော့်လို အလုပ်အကိုင်မျိုးရှိတဲ့သူတွေက များသောအားဖြင့် အကြောက်အလန့်မဲ့ပြီး လေးလေးနက်နက်ရှိကြတယ်။

ကျွန်တော့်ချစ်သူလို အလုပ်အကိုင်မျိုးနဲ့သူတွေကြတော့ အကြောက်အလန့်မဲ့ပြီး လေးလေးနက်နက်ရှိတဲ့အပြင် သတိလည်းကြီးကြတယ်ဗျ။

ဇာတ်လမ်းတစ်ဝက်လည်းရောက်ရော ကျွန်တော်တို့နှစ်ယောက် ဗမ်ပိုင်းယားတွေက BJပေးနိုင်မပေးနိုင် အလေးအနက်ကြီးစတင်ဆွေးနွေးကြတော့တာပါပဲ။ BJ ပေးရင် အဲ့ဒီ ဟိုအရာကို ဘယ်လောက်တောင်ထိခိုက်နိုင်မလဲဆိုတာရယ်၊ ဘယ်လိုဒဏ်ရာတွေ ရလောက်မလဲဆိုတာတွေတောင်ပါလိုက်သေး။ ကျွန်တော်တို့နှစ်ယောက် အဲ့ဒီလူသား ဘယ်လိုတောင် ရဲစွမ်းသတ္တိရှိလိုက်သလဲဆိုပြီး ပူပန်လိုက်ကြသေးတယ်။ ပြီးတော့ ဒါအကုန်ပါပဲခင်ဗျာ။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now