23 (U/Z)

11.1K 1.9K 71
                                    

23.

(Unicode)

ကျွန်တော်လည်း ကျွန်တော့်ချစ်သူက လိင်မှုကိစ္စမှာ စိတ်မဝင်စားဘူးဆိုတဲ့အချက်ကို လုံးဝမေ့ထားလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ကျွန်တော်က သူ့ရဲ့ဖြစ်တည်မှုကိုချစ်တာ၊ အိပ်ရာပေါ်ကစွမ်းရည်ကိုချစ်တာမဟုတ်ဘူး!

ကျွန်တော်တို့အနာဂတ်လေး ဒီလောက်သာယာလှပနေတာ ကျွန်တော်တို့နှစ်ဦးလည်း ပုံမှန်အခြေအနေပြန်ရောက်လာဖို့ သိပ်မကြာတော့ဘူး!

.  

ကျွန်တော့်ချစ်သူက သိုးသားကျောက်ကပ်ဟင်းကို ပါးစပ်နဲ့အပြည့်မြိုချရင်းပြောလိုက်တယ် : ကိုယ်တို့ ဆေးခန်းသွားပြရအောင်လား။

ကျွန်တော် : ...
. 

ခဏလေး သူ အခု ဘာပြောလိုက်တယ်?!

ဒါလင် မင်း ဒီလိုကြီးလုပ်နေတာ ငါလန့်လာပြီနော်!!

.  

ကျွန်တော့်ချစ်သူက စိတ်ပျက်သွားတဲ့အမူအရာနဲ့ :  ကိုယ်တို့ မသွားလည်းရပါတယ်။

.  

သွားမှာ! သွားမှာ! သွားမှာ! သွားရမှာပေါ့ဟ!

ကျွန်တော်လေ ကျွန်တော့်ချစ်သူက သူ့ဂုဏ်သိက္ခာကိုတောင်ထည့်မတွက်ဘဲ ကျွန်တော်တို့ဘဝလေး ချမ်းသာသုခနဲ့ ကာမသုခပြည့်ဝစေဖို့အတွက် သူ့ဘက်ကစ,ပြီး ဆေးကုသမှုခံယူဖို့ပြောလာလိမ့်မယ်လို့ လုံးဝထင်မထားဘူးဗျာ။

ကျွန်တော် တကယ်ပဲ စိတ်လှုပ်ရှားသွားတာ!

ကျွန်တော်ချစ်သူက တစ်ရက်ပဲခွင့်ရတယ်၊ နောက်ပြီးရင် ခုတလောဆို သူအလုပ်တွေသိပ်များတာ။ ကျွန်တော်တို့ ဆေးခန်းသွားပြဖို့ဆို ရက်အနည်းငယ်လောက်ကြာအုံးမှာ၊ အဲဒီနေ့ကျရင်တော့ ကျွန်တော်လည်းအလုပ်နားပြီး သူ့ကိုအဖော်လုပ်ပေးရမယ်။

. 

ကျွန်တော်တို့နှစ်ယောက် ဘယ်နေ့လောက်ဆေးခန်းသွားပြမယ်ဆိုတာတိုင်ပင်ပြီးတော့မှ ကျွန်တော်လည်း စိတ်ပူနေတာတွေ လျော့သွားတော့တယ်။

ဒါပေမဲ့ ကျွန်တော့်ချစ်သူက အနည်းငယ်တိတ်ဆိတ်နေတယ်။

ခဏကြာမှ သူကျွန်တော်ခေါင်းကိုပုတ်ရင်း​ဆိုတယ် : ဒီနောက်ပိုင်း ဆေးပညာတွေလည်း တော်တော်လည်းတိုးတက်လာပြီဆိုတော့...

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now