Side Story 9

10.4K 1.4K 13
                                    

9.

(Unicode)

ကျွန်တော်နဲ့ကျွန်တော့်ချစ်သူ ဘော့စ်ရဲ့မင်္ဂလာဆောင်ကို အတူသွားလိုက်တယ်။

နေရာကလူကုံထံအသိုင်းအဝိုင်းကြားကအဆင့်အတန်းမြင့်ဟော်တယ်တစ်ခုမှာဖြစ်ပြီး အဲ့ဒီဉာဏ်မရှိတဲ့အမှုသည်ရဲ့ပိုက်ဆံပေါတဲ့လူပိန်းအကြိုက်နဲ့အတော််ကိုက်တဲ့ပုံပဲဗျ။

.

တက်ရောက်လာကြတဲ့ဧည်သည်အများစုက ဘော့စ်နှင့် ဉာဏ်မရှိတဲ့အမှုသည်ရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့်မိတ်ဆွေရောင်းရင်းတွေဖြစ်ကြတယ်။

ကျွန်တော်နှင့်ရင်းနီးတဲ့ရှေ့နေရုံးမှ လုပ်ဖော်ကိုင်ဖက်အနည်းငယ်လည်းအဲ့ဒီမှာရှိတယ်ဗျ။

သူတို့အားလုံး အရင်ကတည်းကဘော့စ်ကဂေးဖြစ်ကြောင်းနှင့် လက်ထပ်တော့မည့်အကြောင်းကိုလက်ခံကြသည့်ပုံပင်။ အားလုံးက တည်ငြိမ်အေးဆေးပြီး စိတ်အနှောက်အယှက်ဖြစ်သည့်ပုံမရှိကြ။

ကျွန်တော်လည်းရောက်လာသည်နှင့် သူတို့ကကျွန်တော့်ကိုအခန်းထောင့်ကိုဆွဲခေါ်သွားကြတယ်။

ကျွန်တော်လည်းသူတို့ရဲ့နားလည်ရခက်တဲ့မျက်နှာတွေကိုကြည့်လိုက်ပြီး သိချင်စိတ်များစွာဝင်လာတယ်။

မိတ်ဆွေငယ်လေးAက လေးနက်စွာပြောလိုက်တယ် : "ရှေ့နေXမှာ ကောင်မလေးရှိတာသိလား?"

ရှေ့နေXဆိုတာ ကျွန်တော့်ချစ်သူကိုရည်ညွှန်းတာဗျ။

ကျွန်တော်မနေ့ကအတော်လေးပင်ပန်းပြီးအားကုန်နေလို့ဖြစ်မယ်ကျွန်တော့်တုံပြန်မှုတွေကအနည်းငယ်နှေးကွေးနေတယ်ဗျ။ အသိမိတ်ဆွေအငယ်လေးတွေကလည်း မဟုတ်မမှန်တဲ့အတင်းအဖျင်းတွေကို စိတ်အားထက်သန်တဲ့အမှုအရာတွေနဲ့ပြောဆိုနေကြတယ်။

မိတ်ဆွေငယ်လေးB : 'မင်းဘာမှမသိဘူးပေါ့!  ဟင်းး! မင်းတို့နှစ်ယောက်ဒီလောက်ရင်းနီးနေတာကိုမသိဘူးလားကွ!"

ကျွန်တော် : "..."

မိတ်ဆွေငယ်လေးAကကျွန်တော့်ကိုတိုးတိုးလေးကပ်ပြောလိုက်တယ် : "မင်းသိလား! ရှေ့နေXရဲ့ကောင်မလေးက မင်းနဲ့တော်တော်လေးတူတယ်တဲ့ဟ!"

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now