21 (U/Z)

11.8K 2K 220
                                    

21.

(Unicode)

သာယာတဲ့အားလပ်ရက်လေးဟာတော့ မမျှော်လင့်ဘဲ မိသားစုစုံညီ သန့်ရှင်းရေးပါတီကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။

မိသားစုဆိုတာ ကျွန်တော်တို့နှစ်ယောက်ပဲရှိပေမယ့်လို့ပေါ့။

ကျွန်တော့်ချစ်သူက လှည်းကျင်းတိုက်ချွတ်တာကို တာဝန်ယူပြီး၊ ကျွန်တော်က ရေနွေးကြမ်းတည်တာကိုတာဝန်ယူလိုက်တယ်။ ဒါ့အပြင် သူ့ကိုကူညီတဲ့အနေနဲ့ ခါးကိုလည်းနှိပ်ပေးခဲ့သေးတယ်။

သူ့ပုံစံကြည့်ရတာ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ ဘာကိစ္စပဲရှိရှိ ကျွန်တော့်ကို ဖုန်စုပ်စက်ပေးမကိုင်လောက်တော့ဘူးဗျ။

.  

ကျွန်တော့်ချစ်သူက ရှိရှိသမျှအရာဝတ္ထုတိုင်းမှာ ဖုန်တွေတင်နေပြီး ညစ်ပတ်တယ်လို့ခံစားရလို့ နောက်ထပ်တစ်ကြိမ် ဧည့်ခန်းတစ်ခုလုံးကို လှန်လျောပစ်ပြီးသန့်ရှင်းရေးလုပ်ဖို့ကြံရွယ်ထားပုံပဲ။

ပြီးတော့ ကျွန်တော်နဲ့ ခွေးလေးကို ရေချိုးခန်းထဲထည့်ထားသေးတယ်။

ဒီတစ်ခေါက်ကျ ဘာလို့ ကျွန်တော်သေချာမဆေးကြောနိုင်ဘူးဆိုပြီး ရေကူချိုးမပေးတော့တာလဲ?! ဒီဘေဘီလေး မပျော်တော့ဘူး!

ကျွန်တော့်ချစ်သူ သန့်ရှင်းရေးလုပ်ပြီးချိန်ရောက်တော့ အချိန်တော်တော်လင့်နေပြီ၊ ကျွန်တော်ရော ဘာမှမစားရသေးဘူး။

ကျွန်တော်လည်း သူ ထမင်းဟင်းချက်ဖို့ တော်တော်လေးပင်ပန်းနေလောက်ပြီထင်လို့ အပြင်ကပဲ မှာစားလိုက်တော့တယ်။

. 

သိုးသားကျောက်ကပ်ကြော်၊ နှမ်းအနှစ်နဲ့သိုးသားကျောက်ကပ်ဟင်း၊ သိုးသားကျောက်ကပ်ကင်၊ ကြက်သွန်ဖြူ​ပါးပါးလေးဖြူးထားတဲ့ ဂိုဂျီသီးနဲ့သိုးသား​ကျောက်ကပ်ချက်ကို မှာလိုက်တယ်။
.  

ကျွန်တော့်ချစ်သူက ကျွန်တော့်ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေတယ်။

ကျွန်တော်လည်း နောင်တရသွားတယ်။

ငါစိတ်လောသွားလား? သူ တစ်ခုခု လျှောက်တွေးနေပြီလား? ငါသူ့ကို ဘယ်လိုရှင်းပြရမလဲ?

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now