56 (U/Z)

9.9K 1.6K 70
                                    

7.

(Unicode)

သူတကယ်ကြီး ခွေးတစ်ကောင်နဲ့အိမ်ပြန်လာတာဗျ။

ခွေးလေးက ညစ်ပတ်ပေရေခြေကျိုးနေပြီး အမွှေးတစ်ဝက်လောက်ကလည်းကျွတ်နေတယ်၊ ကျွန်တော်မနေ့ညကမှ ကြမ်းတိုက်ထားတဲ့ ကြမ်းခင်းပေါ်ကိုလည်း အစွန်းအထင်းတွေပေအောင်လုပ်ထားတယ်။

အရမ်းကောင်းတယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော်ခွေးတွေကိုမုန်းလည်းမမုန်းဘူး ညစ်ပတ်နေတဲ့ခွေးကိုအိမ်ခေါ်တင်လာတဲ့အတွက်လည်း မကျေနပ်တာမျိုးမရှိဘူး။

ဒါပေမယ့် ကျွန်တော် ဒေါသထွက်တယ်ဗျာ။

သူတကယ်ကြီး ရေစိုနေတဲ့ခွေးလေးရေချိုးခန်းထဲပတ်ပြေးနေတာကိုလွှတ်ထားတာဗျ။ သူပြောင်အောင်ရေချိုးမပေးနိုင်တာကထားပါ ဒါပေမယ့် သူ့ကိုယ်ပေါ်မှာလည်း အနံ့တွေစွဲကုန်တယ်ဗျာ။

ကျွန်တော်သူ့ကို အပြင်ကိုမောင်းထုတ်ပြီး ကားရေဆေးခိုင်းထားရင်း ခွေးလေးကို ရေချိုးခန်းထဲပြန်မ,လာခဲ့တယ်။

ကျွန်တော်နားမလည်တော့ဘူး၊ ဘာလို့ ဒီခွေးလေးက ရေချိုးပေးတာလေးကို ဒီလောက်တောင် အသည်းအသန်ငြင်းဆန်နေရတာလဲ၊ ကျွန်တော်သူ့ကိုလိင်ပိုင်းဆိုင်ရာစော်ကားဖို့ကြိုးစားနေတာလည်းမဟုတ်ပဲနဲ့ဗျာ?! (TN; Nancy - အတွဲကြား ရေနှစ်ခါချိုးပေးတာခံလိုက်ရတဲ့ခွေးလေးပဲသနားတယ်)

ကျွန်တော်ခွေးကိုရေချိုးပေးပြီး ကြမ်းလည်းတိုက်ပြီးတဲ့အချိန်မှာ သူပြန်ရောက်လာတယ်။

ကျွန်တော်အကြံကုန်ဉာဏ်ကုန်ထုတ်လိုက်ပြီး ရုတ်တရက် အိုင်ဒီယာတစ်ခုရလိုက်တယ်။

ရေချိုးပေးရမယ်! သိပ်ကောင်းတဲ့အခွင့်အရေး!

ကျွန်တော် သူရေ​သေချာပြောင်အောင်မချိုးနိုင်လို့ကူပြီးချိုးပေးမယ်လို့ပြောမယ်လေ! ဟိုနားကိုနှိပ်ရင်း ဒီနားကိုစမ်းရင်း ပွတ်သပ်ပေးလိုက်ရင် ထိန်းချုပ်လို့မရနိုင်တဲ့အရာတစ်ခုခုဖြစ်လာနိုင်တယ်မဟုတ်လား။

.

အရမ်းတွေစိတ်လှုပ်ရှားနေတဲ့ကျွန်တော် သူ့ကိုရေချိုးခန်းထဲဆွဲသွင်းလိုက်တယ်။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now