Side Story 12

10.3K 1.4K 69
                                    


12.

(Unicode)

ကျွန်တော်ကဘာလို့ထူးဆန်းတာတွေးနေရမှာလဲ! ဟမ့်! သူက ကျွန်တော့်ကိုဆို အမြဲသံသယဝင်နေတော့တာပဲ!

ကျွန်တော်အနောက်တိုင်းဝတ်စုံရဲ့အိပ်ကပ်ကိုထိလိုက်တယ်။

ဒီနေ့ ကျွန်တော်အရေးကြီးတဲ့တစ်စုံတရာပြင်ဆင်လာခဲ့တာဗျ၊ သေချာပေါက်လွဲချော်သွားလို့မဖြစ်ဘူး။

.

အနီရောင်နှင်းဆီပန်းစည်းကိုလက်ကကိုင်ပြီး အဖြူရောင်အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားတဲ့ ထိုဉာဏ်မရှိတဲ့အမှုသည်ကအနည်းငယ်လေးနက်တဲ့ပုံပေါက်နေတယ်။

သူကနှင်းဆီပန်းကို ဘော့စ်ရဲ့ရင်ဘက်ဆီထိုးပေးလိုက်ပြီးတောင်းပန်စကားဆိုလိုက်သည် : "ဒါလင် ကိုယ်နောက်ကျသွားလို့ တောင်းပန်ပါတယ်"

ဘော့စ်ကပန်းစည်းကိုပိုက်ထားရင်းသူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး : "ငါကမင်းရောက်မလာတော့ဘူးလို့ထင်နေတာ"

အမှုသည်ကနှာဘူးတစ်ယောက်လိုပြုံးလိုက်ပြီး : "အရူးလေး၊ ကိုယ်ကဘာလို့ရောက်မလာရမှာလဲ၊ ဒီကိုလာတုန်းလမ်းပိတ်နေလို့ပါကွ"

.

ကျွန်တော်သွားတွေကြိမ်းလာတယ်ဗျာ။

.

ဘောစ့်ကပြောလိုက်တယ် : "ဒါဆို စလိုက်ရအောင်လား?"

အမှုသည်ကခေါင်းငြိမ့်လိုက်ပြီးဘော့စ်လက်ကိုဆွဲကာတစ်ဖက်လှည့်သွားတယ်။ အကြည့်တစ်ချက်နဲ့ လူအုပ်ကြားထဲကကျွန်တော့်ကိုမြင်သွားတဲ့ပုံပဲဗျ။

.

အမှုသည် "..."

.

.

ကျွန်တော်ဒီလိုဖြစ်မယ်လို့တွက်ပြီးသားပါ။  ကျွန်တော်တို့လည်း တစ်ယောက်ကိုတစ်ယောက်မှတ်မိတယ်၊ သူလည်းကျွန်တော့်ကိုမြင်သွားတယ်လေ၊ ကျွန်တော်သူ့ကိုနှုတ်မဆက်ရင် အဲ့ဒါရိုင်းကျတယ်မဟုတ်လားဗျ။

အဲ့ဒါနဲ့ ကျွန်တော်လည်းအဲ့ဒီဉာဏ်မရှိတဲ့အမှုသည်ကို လက်လှမ်းပြလိုက်တာပေါ့ဗျ။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now