16 (U/Z)

12.2K 2.1K 46
                                    

16.

(Unicode)

ကျွန်တော် အဲဒီကိစ္စကို အတွေးထဲမှာနစ်မျောနေလို့ ကျွန်တော့်ချစ်သူ တံခါးဖွင့်တဲ့အသံကို သတိမထားမိလိုက်ဘူး။

ဘေးနားလာရပ်ပြီး ဘာလုပ်နေတာလဲလို့ မေးလိုက်တော့မှ ကျွန်တော်လည်း သတိပြန်ဝင်လာတယ်။ ကျွန်တော် အရမ်းကို တုန်လှုပ်ခြောက်ခြားသွားပြီး လက်ပ်တော့ပ်အဖုံးကို ဆောင့်ပိတ်လိုက်တယ်၊ ရင်တွေ တဒိန်းဒိန်းခုန်နေပြီး ကျွန်တော့်ချစ်သူ မမြင်သင့်တာမြင်သွားမှာကို ကြောက်နေမိတယ်။

ကျွန်တော် အထိခိုက်မခံတဲ့ သူ့နှလုံးသားနုနုလေးကို ဒဏ်ရာပေးမိသွားရင် ဘယ်လိုလုပ်မလဲ?

.  

ကျွန်တော့်ချစ်သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ် : မင်း ဘာတွေကြည့်နေတာလဲ?

ကျွန်တော်က တည်ငြိမ်ချင်ယောင်ဆောင်ရင်း : ထွေထွေထူးထူးမဟုတ်ပါဘူး၊ ခွေးလေးရော?

ကျွန်တော့်ချစ်သူက ထူးဆန်းနေတဲ့ အမူအရာနဲ့ : ခွေးလေးက ဧည့်ခန်းထဲမှာ... မင်း ခုနက ဘာတွေကြည့်နေတာလဲ?

.

ကျွန်တော်တော့ ဘဝနဲ့ရင်းတဲ့ အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရသလို ခံစားလိုက်ရတယ်။

.

ကျွန်တော့်ချစ်သူ တစ်ခုခုမြင်သွားတာဖြစ်ရမယ်၊ ဒါကြောင့် မေးခွန်းတွေများနေတာပဲ။

သူ့ကို အမှန်အတိုင်းပြောလို့မဖြစ်ဘူး၊ သူ့ကို အဲဒီအတွေးတွေ မဝင်စေချင်ဘူး။

ကျွန်တော်သူ့ကို အရမ်းချစ်တဲ့အကြောင်းကိုပဲ သိစေချင်တယ်!

ကျွန်တော်က သူ့ရဲ့ အမြဲထာဝရ အားအကြီးဆုံး ခွန်အား ထောက်တိုင်ကြီးဆိုတာ သိစေချင်တယ်!

.

ကျွန်တော် : ဟမ်? ငါ ဇာတ်ကားကြည့်နေရင်း ထူးဆန်းတဲ့ website တွေ တက်လာလို့။

ချစ်သူ : ...ဇာတ်ကား?

ကျွန်တော် : ငါတို့ အရင်တခါကြည့်တဲ့ကားလေ၊ ဇာတ်လိုက်မင်းသား ဘယ်လောက်ထိ အနာတရဖြစ်နိုင်လဲဆိုတာ သေချာသိချင်သေးလို့။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now