62 (U/Z)

10.1K 1.5K 39
                                    

13.

(Unicode)

ဘယ်လိုမှထိန်းချုပ်မထားနိုင်တော့တဲ့အခြေအနေတစ်ခုလည်းရောက်ရော ကျွန်တော့်ဘောစ့်က ရုတ်တရက်ဝင်ချလာတယ်ဗျာ။

သူ အထင်လွဲသွားတာအသေအချာပဲ။

ကျွန်တော်အရင်ကဘောစ့်ကိုသူ့အကြောင်းပြောဖူးတယ်ဗျ။ ကျွန်တော်တို့အားလုံးလည်းအရွယ်ရောက်တဲ့သူတွေဗျာ၊ ပြီးတော့ ကျွန်တော်လည်း ဘောစ့်နားလည်ပေးလိမ့်မယ်လို့ယုံကြည်တယ်။ ဘောစ့် ဒီအကြောင်းကို အတွေးလွန်နေရင်တောင် ကျွန်တော်ကတော့ကိစ္စမရှိဘူး။

ကျွန်တော် ကျွန်တော့်ဘောစ့်လည်းဂေးဆိုတာသိတယ်။ ပြီးတော့ ရုံးကိုလာပြီးဘောစ့်ကိုလာရှာတဲ့သူ့ချစ်သူကိုလည်း တွေ့ဖူးတယ်။ သူက ပိုက်ဆံအများကြီးရှိတဲ့လူပေါ်ကြော့ပုံပေါက်ပြီး ကျွန်တော့်ကိုကြည့်မရတဲ့ပုံပဲ၊ ကျွန်တော်လည်းသူ့ကိုသဘောမကျဘူးဗျာ။

သူက ကျွန်တော့်ဘောစ့်အပေါ်မှာ တော်တော်လေးအထင်ကြီးပြီး ဘောစ့်ရဲ့အရာအားလုံးကိုအကောင်းဆုံးလို့​ဆိုတယ်။ သူက သံသယဝင်ရတာကိုကြိုက်တာပဲလား သူ့မှာကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းတာပဲလားမသိပေမယ့် တချိန်လုံးပဲ ကျွန်တော့်ဘောစ့်က သူ့ကိုမလိုချင်တော့ဘူးလို့ထင်နေတယ်။

ကျွန်တော်တော့အဲ့ဒါရောဂါလို့ထင်တာပဲ၊ သူစိတ်ပညာကုထုံးနဲ့ကုသမှုခံယူဖို့လိုပြီ။

ကျွန်တော်ကတော့ ကျွန်တော့်ချစ်သူအပေါ်ဘယ်တော့မှသံသယဝင်မှာမဟုတ်ဘူး။

အချစ်ဆိုတာယုံကြည်မှုနဲ့တည်ဆောက်ထားတာ။ ယုံကြည်မှုဆိုတဲ့ အခြေခံအုတ်မြစ်လေးကိုတောင်အောင်မြင်အောင်မဆောက်နိုင်ဘူးဆို အသက်ကြီးတဲ့အထိ ဆက်ချစ်သွားဖို့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
.
.
.

.
.
.
သူ့ရဲ့ရူးကြောင်မူးကြောင်လုပ်ရပ်တွေကို ကျွန်တော်ကလွဲပြီး ဘယ်သူကလက်ခံပေးနိုင်မှာမို့လဲ!

.

(Zawgyi)

ဘယ္လိုမွထိန္းခ်ဳပ္မထားႏိုင္ေတာ့တဲ့အေျခအေနတစ္ခုလည္းေရာက္ေရာ ကြၽန္ေတာ့္ေဘာစ့္က ရုတ္တရက္ဝင္ခ်လာတယ္ဗ်ာ။

သူ အထင္လြဲသြားတာအေသအခ်ာပဲ။

ကြၽန္ေတာ္အရင္ကေဘာစ့္ကိုသူ႔အေၾကာင္းေျပာဖူးတယ္ဗ်။ ကြၽန္ေတာ္တို႔အားလံုးလည္းအရြယ္ေရာက္တဲ့သူေတြဗ်ာ၊ ၿပီးေတာ့ ကြၽန္ေတာ္လည္း ေဘာစ့္နားလည္ေပးလိမ့္မယ္လို႔ယံုၾကည္တယ္။ ေဘာစ့္ ဒီအေၾကာင္းကို အေတြးလြန္ေနရင္ေတာင္ ကြၽန္ေတာ္ကေတာ့ကိစၥမရိွဘူး။

ကြၽန္ေတာ္ ကြၽန္ေတာ့္ေဘာစ့္လည္းေဂးဆိုတာသိတယ္။ ၿပီးေတာ့ ရံုးကိုလာၿပီးေဘာစ့္ကိုလာရွာတဲ့သူ႔ခ်စ္သူကိုလည္း ေတြ့ဖူးတယ္။ သူက ပိုက္ဆံအမ်ားႀကီးရိွတဲ့လူေပၚေၾကာ့ပံုေပါက္ၿပီး ကြၽန္ေတာ့္ကိုၾကည့္မရတဲ့ပံုပဲ၊ ကြၽန္ေတာ္လည္းသူ႔ကိုသေဘာမက်ဘူးဗ်ာ။

သူက ကြၽန္ေတာ့္ေဘာစ့္အေပၚမွာ ေတာ္ေတာ္ေလးအထင္ႀကီးၿပီး ေဘာစ့္ရဲ့အရာအားလံုးကိုအေကာင္းဆံုးလို႔​ဆိုတယ္။ သူက သံသယဝင္ရတာကိုႀကိဳက္တာပဲလား သူ႔မွာကိုယ့္ကိုကိုယ္ယံုၾကည္မႈနည္းတာပဲလားမသိေပမယ့္ တခ်ိန္လံုးပဲ ကြၽန္ေတာ့္ေဘာစ့္က သူ႔ကိုမလိုခ်င္ေတာ့ဘူးလို႔ထင္ေနတယ္။

ကြၽန္ေတာ္ေတာ့အဲ့ဒါေရာဂါလို႔ထင္တာပဲ၊ သူစိတ္ပညာကုထံုးနဲ႔ကုသမႈခံယူဖို႔လိုၿပီ။

ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္ခ်စ္သူအေပၚဘယ္ေတာ့မွသံသယဝင္မွာမဟုတ္ဘူး။

အခ်စ္ဆိုတာယံုၾကည္မႈနဲ႔တည္ေဆာက္ထားတာ။ ယံုၾကည္မႈဆိုတဲ့ အေျခခံအုတ္ျမစ္ေလးကိုေတာင္ေအာင္ျမင္ေအာင္မေဆာက္ႏိုင္ဘူးဆို အသက္ႀကီးတဲ့အထိ ဆက္ခ်စ္သြားဖို႔ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?
.
.
.

.
.
.
သူ႔ရဲ့ရူးေၾကာင္မူးေၾကာင္လုပ္ရပ္ေတြကို ကြၽန္ေတာ္ကလြဲၿပီး ဘယ္သူကလက္ခံေပးႏိုင္မွာမို႔လဲ!

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now