15 (U/Z)

12.8K 2.1K 31
                                    

15.

(Unicode)

အခုအချိန်မှာ အရေးကြီးဆုံးက ကျွန်တော်သူ့ကို နှစ်နှစ်ကာကာချစ်တဲ့အကြောင်းကို  ကျွန်တော့်ချစ်သူနားလည်ဖို့ပဲ။

ကျွန်တော်သူ့ကို ဘယ်လောက်ထိချစ်သလဲဆိုရင် ကောင်းကင်ကြီးပြိုကျပြီး ကမ္ဘာ​ကြီးပျက်သုန်းသွားရင်တောင်၊ ပင်လယ်ရေ​ခမ်းခြောက်ပြီး ကျောက်ဆောင်တွေကြေမွသွားရင်တောင်၊ သူ မစွမ်းဆောင်နိုင်သည်ဖြစ်စေ လိင်မှုကိစ္စကိုစိတ်မဝင်စားသည်ဖြစ်စေ ကျွန်တော်သူ့ကို ပစ်ပယ်သွားမှာမဟုတ်ဘူး။

ဒီလိုနည်းနဲ့ သူ့ကို စိတ်ဓာတ်တက်ကြွစေပြီး မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာစေရမယ်။

ဟုတ်ပြီ၊ ဒါပေမဲ့ သူ့ကိုသံသယမဝင်စေဘဲ ဘယ်လိုနည်းနဲ့ ထိထိရောက်ရောက်​ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကမှ တကယ့်ပြသနာ။

ကျွန်တော် အချိန်ယူပြီးစဥ်းစားပေမဲ့ အဖြေရှာမတွေ့ဘူး။

ဒါကြောင့် ကျွန်တော့်လက်ပ်တော့ကိုဖွင့်လိုက်ပြီး အင်တာနက်မှာ ရိုက်ရှာလိုက်တယ်။

.

【ပန်းသေပန်းညိုးဖြစ်နေသော သင့်၏ သူငယ်ချင်းကို ရှေ့ဆက်ရှင်သန်လိုစိတ်ရှိအောင် မည်သို့ကူညီဖေးမပေးမလဲ】

.

အမျိုးသားကျန်းမာရေးဆေးခန်း​ကြော်ငြာတွေနဲ့ ဘိုးဘေးအစဥ်အဆက်လက်ဆင့်ကမ်းလာတဲ့ ကာမအားတိုးဆေးဖော်စပ်တဲ့ ဆေးအညွှန်းတွေကို လျစ်လျူရှုလိုက်တယ်၊ လူတချို့တင်ထားတဲ့ ကျိတ်မှိတ်ခံစားနေကြတဲ့ ရှက်ရွံ့အားငယ်မှုတွေနဲ့ မျှော်လင့်ချက်မဲ့စွာ အကူအညီတောင်းနေကြတဲ့ပိုစ့်တွေ မရေမတွက်နိုင်အောင်တွေ့လိုက်ရတယ်။

...ဆိုတော့ လိင်မှုကိစ္စမစွမ်းဆောင်နိုင်လို့ သေကြောင်းကြံစည်ကြတဲ့သူတွေ တကယ်ကြီးရှိတာပဲ။

ရှာဖတ်မိလို့ တော်သေးတာပေါ့။

မဖြစ်မနေကို ကျွန်တော့်ချစ်သူကို အားပေးရမယ်၊ ယုယကြင်နာရမယ်၊ အလိုလိုက်ပေးရမယ်၊ ဂရုစိုက်ရမယ်၊ တကယ်လို့ သူသာ သတ်သေသွားရင် ကျွန်တော်တော့ဘယ်လိုလုပ်ရမလဲဗျာ?

(Zawgyi)







.


.





ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now