20 (U/Z)

12.1K 2K 73
                                    

20.

(Unicode)

တစ်အိမ်လုံး ဖုန်တွေနဲ့ပွလန်ကြဲနေပြီး ဘေးနားမှာရပ်ကြည့်နေတဲ့ခွေးလေးကလည်း အတော်လေးလန့်သွားပုံရတယ်၊ စူးစူးဝါးဝါးကို ထိုးဟောင်နေတာ။

သူက ပိန်သာပိန်တာဗျ၊ အသံအိုးက ရပ်ကွက်ရုံးက လော်စပီကာထက်တောင် ကျယ်သေး။

ဒီလိုအခြေအနေကြီးမှာ ကျွန်တော့်ချစ်သူ နိုးလာတာပေါ့ဗျာ။

ကျွန်တော်လည်း ကျွန်တော့်ချစ်သူ ဒေါသထွက်ပြီး အနည်းဆုံး​​တော့ ကျွန်တော့်ကိုဆူလိမ့်မယ်လို့ ထင်လိုက်တာ။

နဂိုမူလ သန့်ရှင်းသပ်ရပ်နေတဲ့ဧည့်ခန်းလေး ကျွန်တော့်ကြောင့် ဖရိုဖရဲလို့ဖြစ်သွားတာလေ.. ကို-အသန့်ကြိုက်ကြီး ဒေါသမထွက်ဘဲ ရှိလိမ့်မလား။

ကျွန်တော့်ချစ်သူက အသက်ပြင်းပြင်းရှုလိုက်ပြီး အပြုံးလေးနဲ့ပြောလိုက်တာ : ဘာမှမဖြစ်ဘူး၊ ကိုယ်ဆက်လုပ်လိုက်မယ်။

.

ကျွန်တော် နားကြားများလွဲသွားသလား?! သူ ဒေါသထွက်မသွားဘူးပေါ့?! ဒါနဲ့ သူပြုံးတာကြီးက အသေကြောက်ဖို့ကောင်းတာပဲရော်!?

အခုတလော သူကျွန်တော့်အပေါ် ကောင်းကောင်းဆက်ဆံပေးတယ်လို့ ကျွန်တော်ပဲ စိတ်ထင်နေတာလား?

ခွေးတစ်ကောင်ကို အိမ်‌ပေါ်ခေါ်လာတယ်၊ ဧည့်ခန်းကို ဗြောင်းဆန်အောင်လုပ်လိုက်မိတယ်၊ ဒါတောင်မှ သူ ဒေါသမထွက်ဘူး?

...ဖြစ်နိုင်တာက သူ့မှာရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေပြီး စိတ်ပိုင်းဆိုင်ရာဒေါသကို ဆက်ထိန်းမထားနိုင်ဘူးဆိုရင် ကျွန်တော်သူ့ကို ထားသွားလိမ့်မယ်၊ အဲဒီလို ထင်နေတာများလား?

. 

ဘုရားရေ သူ အရမ်းသနားဖို့ကောင်းတာပဲ။

ကျွန်တော် သူ့ကို မေတ္တာတွေအများကြီးပေးဖို့လိုနေပြီ။

(Zawgyi)

တစ္အိမ္လုံး ဖုန္ေတြနဲ႕ပြလန္ႀကဲေနၿပီး ေဘးနားမွာရပ္ၾကည့္ေနတဲ့ေခြးေလးကလည္း အေတာ္ေလးလန့္သြားပုံရတယ္၊ စူးစူးဝါးဝါးကို ထိုးေဟာင္ေနတာ။

သူက ပိန္သာပိန္တာဗ်၊ အသံအိုးက ရပ္ကြက္႐ုံးက ေလာ္စပီကာထက္ေတာင္ က်ယ္ေသး။

ဒီလိုအေျခအေနႀကီးမွာ ကြၽန္ေတာ့္ခ်စ္သူ နိုးလာတာေပါ့ဗ်ာ။

ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ခ်စ္သူ ေဒါသထြက္ၿပီး အနည္းဆုံး​​ေတာ့ ကြၽန္ေတာ့္ကိုဆူလိမ့္မယ္လို႔ ထင္လိုက္တာ။

နဂိုမူလ သန့္ရွင္းသပ္ရပ္ေနတဲ့ဧည့္ခန္းေလး ကြၽန္ေတာ့္ေၾကာင့္ ဖရိုဖရဲလို႔ျဖစ္သြားတာေလ.. ကို-အသန့္ႀကိဳက္ႀကီး ေဒါသမထြက္ဘဲ ရွိလိမ့္မလား။

ကြၽန္ေတာ့္ခ်စ္သူက အသက္ျပင္းျပင္းရႈလိုက္ၿပီး အၿပဳံးေလးနဲ႕ေျပာလိုက္တာ : ဘာမွမျဖစ္ဘူး၊ ကိုယ္ဆက္လုပ္လိုက္မယ္။

.

ကြၽန္ေတာ္ နားၾကားမ်ားလြဲသြားသလား?! သူ ေဒါသထြက္မသြားဘူးေပါ့?! ဒါနဲ႕ သူၿပဳံးတာႀကီးက အေသေၾကာက္ဖို႔ေကာင္းတာပဲေရာ္!?

အခုတေလာ သူကြၽန္ေတာ့္အေပၚ ေကာင္းေကာင္းဆက္ဆံေပးတယ္လို႔ ကြၽန္ေတာ္ပဲ စိတ္ထင္ေနတာလား?

ေခြးတစ္ေကာင္ကို အိမ္‌ေပၚေခၚလာတယ္၊ ဧည့္ခန္းကို ေျဗာင္းဆန္ေအာင္လုပ္လိုက္မိတယ္၊ ဒါေတာင္မွ သူ ေဒါသမထြက္ဘူး?

...ျဖစ္နိုင္တာက သူ႕မွာ႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ရွိေနၿပီး စိတ္ပိုင္းဆိုင္ရာေဒါသကို ဆက္ထိန္းမထားနိုင္ဘူးဆိုရင္ ကြၽန္ေတာ္သူ႕ကို ထားသြားလိမ့္မယ္၊ အဲဒီလို ထင္ေနတာမ်ားလား?

. 

ဘုရားေရ သူ အရမ္းသနားဖို႔ေကာင္းတာပဲ။

ကြၽန္ေတာ္ သူ႕ကို ေမတၱာေတြအမ်ားႀကီးေပးဖို႔လိုေနၿပီ။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now