43 (U/Z)

11.1K 1.8K 74
                                    

43.

(Unicode)

ကျွန်တော့်ချစ်သူ ကျွန်တော့်ကို ဆေးရုံမြေညီထပ်က ကားပါကင်အထိဆွဲခေါ်လာခဲ့တယ်။

ကျွန်တော့်ချစ်သူအပြုအမူတွေကြောင့် ကျွန်တော်လည်းဝေခွဲမရတွေဖြစ်လာတယ်၊ ဒါပေမယ့် သူ့မျက်နှာပေါ်က လေးနက်တဲ့အမူအရာကြောင့် တစ်ခုခုတော့တစ်ခုခုပဲလို့တွေးပြီး ဘာမှဆက်မမေးတော့ပဲ ကားဆီရောက်တဲ့အထိ သူ့နောက်ကိုလိုက်လာခဲ့တယ်။

ကျွန်တော့်ချစ်သူကျွန်တော့်ကို ကားထဲကိုထည့်လိုက်တယ်။

ကျွန်တော် : ဘာတွေလဲ? ဘာတွေဖြစ်နေတာလဲ?

ကျွန်တော့်ချစ်သူမျက်နှာက လုံးဝကိုလေးနက်တည်ကြည်နေတယ်။

ကျွန်တော်လည်း ရုတ်တရက်ပြာယာခတ်သွားတယ်။

.

ချစ်သူ : မင်း မစွမ်းဆောင်နိုင်ဘူးလား?

ကျွန်တော် : ...ဟမ်???

ချစ်သူ : မင်း လိင်ကိစ္စကို စိတ်ဝင်စားလား?

ကျွန်တော် : ...

.

ဒီကောင်ဘာဖြစ်နေတာလဲ? သူ့မှာပြသနာရှိတာ ထားတော့လေ၊ ဘာလို့ တခြားသူမှာပါ ပြသနာရှိတယ်လို့စွပ်စွဲနေရတာလဲ!

စိတ်တိုလာပြီနော်! သူကကျွန်တော့်ချစ်သူဖြစ်ပြီး ကျွန်တော်ကလည်းသူ့ကိုချစ်တယ်ဆိုပေမယ့် ဒါမျိုးတော့သည်းမခံနိုင်ဘူး!

.

ချစ်သူ : ပြောလေ။

ကျွန်တော် : မင်း လုပ်ရက်တယ်နော်!

ကျွန်တော့်ချစ်သူဒေါသထွက်နေပုံပေါ်ကာ : ဘာကိုလဲ?

ကျွန်တော် : မင်းတော်တော်လေးလွန်လာပြီ!

ချစ်သူ : ဘာကိုလွန်တာလဲ?

ကျွန်တော် : မင်းစကားတွေမလွန်ဘူးလား?! ငါဒေါသထွက်မိတော့မယ်!

.

ချစ်သူ : ...ထားလိုက်တော့၊ နားလည်မှာလည်းမဟုတ်ဘူး။

.

တကယ်ပဲ စိတ်တိုလာပြီနော်။

ဘာလဲ ငါကဘာကို နားမလည်ရမှာလဲ? ငါ့ကိုများငတုံးလို့ထင်နေတာလား? ငါကဘာလို့တုံးရမှာလည်း? ငါသာငတုံးဆို ငါ့အခုအလုပ်ကိုဘယ်လိုလုပ်,လုပ်နိုင်မှာလဲ?!

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now