54 (U/Z)

10.2K 1.6K 87
                                    

5.

(Unicode)

ကျွန်တော်ဘယ်လိုသည်းခံလာခဲ့လဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်းမသိတော့ပါဘူးဗျာ။

သူတမင်တကာပဲလုပ်နေတာလားမသိပေမယ့် သူကျွန်တော့်ကို အဲ့လိုမျိုး စ,နေရတာကို သာယာနေတဲ့ပုံပဲဗျ။

တကယ်တော့ ဒါဟာအရမ်းကိုရက်စက်တဲ့သာယာမှုဗျ!

သူကျွန်တော့်အခန်းထဲ ရုတ်တရက်ဝင်ချလာပြီး သူ့အခန်းကအဲယားကွန်းပျက်သွားလို့ဆိုပြီး ကျွန်တော့်ကုတင်ပေါ်တက်လာတဲ့ ညတစ်ညကိုတောင် သတိရမိသေး။

ဒီကောင် ငါ့ကိုထပ်စ,ဖို့ကြိုးစားနေပြန်ပြီ။

ကျွန်တော်လည်း သူ့ရဲ့တက်ကြွနေတဲ့မျက်နှာလေးကိုကြည့်လိုက်ရင်း ကျွန်တော်ဟိုဘက်လှည့်နေတုန်းတော့သူအိပ်ပျော်မသွားလောက်ဖူးလို့ထင်မှတ်လိုက်တယ်။

သူ့ကိုခနစောင့်ဖို့ပြောခဲ့ပြီး ကျွန်တော်ဧည့်ခန်းထဲကိုသွားပြီး အဲ့ဒီ ..အဟမ်း..လိုအပ်တဲ့ပစ္စည်းတွေသွားရှာလိုက်တယ်။

ပုံမှန်သုံးနေကြအရာတွေမဟုတ်တဲ့အတွက် ကျွန်တော်ဘယ်နားထားမိလဲသတိမရဘူးဗျ၊ ကျွန်တော်အချိန်နည်းနည်းယူပြီးရှာလိုက်ရတယ်၊ ဒါပေမယ့် အဲ့ဒါလည်းဆယ်မိနစ်တောင်မကျော်ပါဘူးဗျာ၊ ကျွန်တော်လည်း အဲ့ဒီအချိန်တုန်းက အလျင်လိုနေတာမဟုတ်လား။

အဲ့ဒီနောက်ကျွန်တော်အခန်းကိုပြန်လာတော့ သူက ကျွန်တော့်ခေါင်းအုံးကိုဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာဗျာ။

.  

အရမ်းကောင်းတယ်။

ကျွန်တော် ဒီတခါလည်းအတွေးလွန်သွားတာပဲ။

ကျွန်တော်သူ့အခန်းကိုသွားလိုက်ပြီး အဲယားကွန်းပြင်ဖို့လုပ်လိုက်တယ်။

.

.

တကယ်တော့ သူမစွမ်းဆောင်နိုင်လည်း အရေးတော့မကြီးဘူးဗျ။

ဘာပဲဖြစ်ဖြစ် top မယ့်သူကကျွန်တော်လေ၊ သူမှမဟုတ်တာ။

သူအဲ့ဒီကိစ္စကိုစိတ်မပါရင်တောင် ကျွန်တော့်ဘက်က အားတက်တရောအစ,ပြုပေးရင် သူလည်း စိတ်ကြွရင်ကြွလာနိုင်တာပဲ။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now