12 (U/Z)

13.5K 2.3K 89
                                    

12.

(Unicode)

အတောင့်လိုက်ကြီး ဆွံ့အ,နေတဲ့ ကျွန်တော့်ကို ရေချိုးခန်းထဲ ထိုးထည့်လိုက်တယ်။

အတောင့်လိုက်ကြီး ဆွံ့အ,နေတဲ့ ကျွန်တော့်အဝတ်တွေကို ဆွဲချွတ်ပစ်လိုက်တယ်။

အတောင့်လိုက်ကြီး ဆွံ့အ,နေတဲ့ ကျွန်တော်လေး ရုတ်တရက်ကြီး သဘောပေါက်သွားတယ်၊ ဒီအခြေအနေကြီးက ဟိုအချစ်ကားတွေထဲက ဇာတ်ဝင်ခန်းနဲ့တူနေတယ်ဟ။

.

ကျွန်တော် အရမ်း‌တွေ စိတ်လှုပ်ရှားလာပြီ!!!

.

သူက ကျွန်တော့်အင်္ကျီကို ဆွဲချွတ်ပစ်တော့ ကျွန်တော် တအားကို နိုးကြားတက်ကြွနေပြီး၊ တအားကို စိတ်တွေလှုပ်ရှားနေတာ။ သူက ကျွန်တော့်ကို ရေစိမ်ကန်ထဲထည့်လိုက်တော့ ကျွန်တော် တအားကို နိုးကြားတက်ကြွနေပြီး၊ တအားကို စိတ်တွေလှုပ်ရှားနေတာ။ ပြီးတော့ ကန်ထဲကို ရေပူလေးဖြည့်ပေးတယ်။ မင်းတို့လည်း သိမှာပါ၊ ရေချိုးတဲ့အချိန်ဆိုတာ စိတ်အပန်းဖြေဖို့ အကောင်းဆုံးအချိန်ဖြစ်တာကိုပေါ့။

ကျွန်တော့်အမှုသည်တစ်ယောက်ရဲ့ ကိစ္စတစ်ခုကြောင့် ဒီသုံးရက်အတွင်း သုံးလေးနာရီပဲ အိပ်ချိန်ရှိခဲ့တာ။ ကျွန်တော် အိမ်ပြန်လာပြီး တစ်ခုခုစားပြီး အိပ်လိုက်ဖို့ စီစဥ်ထားခဲ့တာ၊ အဲ့ဒီခွေးလေးနဲ့တိုးမယ်လို့လည်း ထင်မထားဘူးလေ။ အဲဒါထက် ကျွန်တော့်ချစ်သူက ဇွတ်အတင်းကြီး ကားရေဆေးခိုင်းလိမ့်မယ်လို့ ပိုလို့တောင် ထင်မထားသေး။

ကျွန်တော်လေ အဲ့သလောက် အခက်အခဲတွေကြုံပြီးတာတောင်မှ နောက်နှစ်ဝက်လောက် နောင်တရသွားစေမဲ့ ကိစ္စအကြီးကြီးကို လုပ်လိုက်မိတယ်ဗျာ။

ရေပူဖြည့်နေတဲ့အချိန်မှာ သောက်ကျိုးနည်း အိပ်ပျော်သွားတာဗျ။

ဘာဆို ဘာမှကို မပြောချင်တော့ပါဘူး။

စိတ်လျော့.. စိတ်လျော့..

.

နောက်နေ့ရောက်တော့ ကျွန်တော့်အိပ်ရာပေါ်မှာပဲ နိုးလာခဲ့တာ၊ ဗီရိုထဲချိတ်ထားတဲ့အဝတ်တွေကို သေသေသပ်သပ်ဝတ်ထားရင်းနဲ့ပေါ့။ ပြီးတော့ ရင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတွေ အပြည့်နဲ့။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now