Ep-14(Uni+Zaw)

3.8K 295 86
                                    

Zawgyi

               ဒီနေ့ ကကျောင်းပိတ်ရက် ဖြစ်တာရယ်၊ မနေ့ က အိမ်မှာနားထားတဲ့ အရှိန်ရယ်နဲ့ပေါင်းလို့ ဂျောင်ဂုလေးက ခန္ဓာကိုယ်လုံးလုံးလေး တစ်ခုလုံးကို ကုတင်ပေါ်မှာ မှောက်ခုံလှဲကာ အပြားလိုက်ကြီး ကပ်နေပြီး စိတ်ကြိုက်ကို ပျင်းရိနေပါတော့သည်။ အခန်းထဲတစ်ခါဝင်လာတိုင်း တစ်ခါလာနှိုးသွားသည့် လူကြီးရဲ့အသံတွေကို လျစ်လျူရှုလို့ မျက်လုံးကိုသာ စုံမှိတ်ထားလိုက်၏။ လူကြီးကဗျာ....ကျောင်းပိတ်ရက်တောင် ပေးမအိပ်ဖူး။

"ထတော့။ နိုးနေတာ ကိုယ်သိတယ်။"

"လူကြီးရာ...။"

"ခြေစောင့်မနေနဲ့။ ဒီနေ့ အိမ်ပြန်မှာဆို။"

"ဟွန့်။"

                 ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ လူကြီးအခန်းထဲဝင်လာချိန်မှာတော့ ဂျောင်ဂုလေးကို မရမကကို နှိုးမည့်ပုံပေါ်နေတာကြောင့် ‌အိပ်ယာခင်းတွေပေါ်မှာပဲ လူကြီးမကြားနိုင်လောက်တဲ့ အရှိန်နှင့် ခြေကိုစောင့်ပြစ်၏။ အဲ့တာကိုပဲ သိနေတဲ့လူကြီးကြောင့် နှုတ်ခမ်းလေးဆူလို့နှာတစ်ချက်မှုတ်မိရုံရှိသေး လူကြီးဆီကဟု ထင်ရသည့် ခပ်ဟဟ ရယ်သံတစ်ခု ထွက်လာပါသည်။ သူနှုတ်ခမ်းဆူတာ ရယ်စရာကြီး ဖြစ်နေလို့များလား။

"မနေ့ကပြောတာ ဂုကီမေမေဆီ ပြန်ချင်တယ်ဆို။"

"ဟင်။"

"အဲ့တာ ကိုယ်လိုက်ပို့ပေးမလို့။ အပြန်ကြရင်လည်း အပြင်သွားလည်ရအောင်လေ။"

"အင်း လူကြီး။"

               ပြောလာတဲ့လူကြီးရဲ့ စကားတွေကြောင့် ဂျောင်ဂုက ကုတင်ပေါ်က ချက်ချင်းထလို့ ခေါင်းလေးကို တဆတ်ဆတ် ငြိမ့်ပြမိသည်။ တစ်ကယ်‌တော့ 'မေမေ့အိမ်ပြန်မယ်'ဆိုတာ မနေ့ကလူကြီးဆီ သတိရလို့ ဖုန်းဆက်တော့ ပြောစရာစကားမရှိလို့ ပါးစပ်ထဲရောက်လာတဲ့ ပေါက်ကရတွေကို လျှောက်ပြောလိုက်မိခြင်းပင် ဖြစ်၏။ အဲ့တာကိုပဲ သတိတရရှိနေပေးတဲ့ လူကြီးက ဂျောင်ဂုလေးရဲ့ အပြုအမူတွေကို အလေးထားသည်ထက် ပိုပါသည်။
.
.
.
               တစ်ကိုယ်လုံးကိုသန့်စင်ပြီးသည်နှင့် အဝတ်ဗီရိုကိုလှပ်လို့ အသားကပ်ဂျင်းဘောင်းဘီ အမဲရောင်လေးနဲ့ အဖြူရောင်အစင်းကြား သေးသေးလေးတွေပါတဲ့ ရှပ်အကျီလက်ရှည် အပြာရောင်လေးကို ထုတ်ဝတ်လိုက်၏။ အ‌ရောင်လွင်လွင်‌လေး‌တွေကို ဝတ်နေကြမဟုတ်တဲ့ သူ့အဖို့ မှန်ထဲမှာမြင်ရတာ ပုံမှန်ထက် နည်းနည်းလေး ထူးဆန်းလို့နေပေမဲ့ လူကြီးနဲ့အပျော်သွားမယ့်နေ့လေးမှာ လန်းလန်းဆန်းဆန်းလေး ဖြစ်နေချင်‌တာကြောင့် အပြာနုလေး ရွေးဝတ်လိုက်ခြင်းပင် ဖြစ်သည်။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now