Ep-21(Uni+Zaw)

3.4K 276 44
                                    

Zawgyi

               ဒီနေ့ဟာ ဂျောင်ဂုလေးရဲ့ စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည့်အတွက် ကိုကိုရော၊ သူပါ စိတ်ပေါ့ပါးနေကြပြီ ဖြစ်သည်။ အရင်ဖြေဆိုခဲ့သည့် ရက်များအတွင်း၌လည်း ဂျောင်ဂု၏ ကြိုးစားမှုနှင့် ကိုကို့၏ ဂရုစိုက်ပေးမှုတို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်စရာ စိုးစဉ်းမျှမရှိပါဘဲ အဆင်ပြေစွာနှင့်ပင် ဖြေဆိုနိုင်ခဲ့၏။ ယနေ့သည် နောက်ဆုံးနေ့ဖြစ်သည့် အားလျော်စွာ ဒီနေ့ကုန်သွားလျှင် သူသည်အထက်တန်းကျောင်းသားလေး ဘဝမှ လွတ်မြောက်၍ လူကြီးလေးတစ်ယောက် ဖြစ်လာပေတော့မည်။

"ဂုကီ...နွားနို့လာသောက်ဦး။"

"ဟုတ် ကိုကို။"

                  ထယ်ယောင်း မီးဖိုချောင်အတွင်းကို မနက်ခြောက်နာရီလောက်ကတည်းက ဝင်၍ ပေါက်စလေးနှင့်အတူ သူပါစားသောက်ဖို့ရန် ပြင်ဆင်နေသည်။ စာမေးပွဲချိန်သည် မနက်ဆယ်နာရီမှ စမည်ဖြစ်‌‌သောကြောင့် ယခုအချိန်လောက် အိပ်ယာထမှသာ တော်ရာကြပေလိမ့်မည်။ အထက်တန်းစာမေးပွဲများ၏ စာဖြေချိန်သည် သုံးနာရီတိတိဖြစ်သည်ကြောင့် သူတို့အိမ်ပြန်ရောက်လာချိန်တွင် နေ့လည်စာစားချိန်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် အိမ်ပြန်လာချိန် အသင့်စားနိုင်ရန် မနက်စာရော၊ နေ့လည်စာပါပေါင်း၍ ထယ်ယောင်း ချက်ပြုတ်နေရခြင်းပင် ဖြစ်၏။

"စိတ်အေးအေးထားပြီး သေချာဖြေခဲ့နော်...အလုံး။"

"အင်း။"

"ဗိုက်ပြည့်အောင် စားသွား။ မဟုတ်ရင် စာဖြေခန်းထဲ ဗိုက်ဆာနေလိမ့်မယ်။"

"ဟုတ်။ ကိုကိုလည်း စားလေ။"

"အင်း။"

                     ခွက်ကြီးကြီးနှင့်ထည့်ထားသည့် နွားနို့ပူပူတစ်ခွက်ရယ်၊ ပေါင်မုန့်ကြက်ဥကြော်တစ်ချပ်ရယ်ကို အပီတွယ်နေသည့် ဂျောင်ဂုလေး၏ ခေါင်းကိုဖြည်းဖွဖွ ပွတ်သပ်ကာ စိတ်ပူပင်ပေးနေသည့်ကိုကိုက ကိုယ်တိုင်ကျ ပေါင်မုန့်တောင် တစ်ကိုက်မျှ မကိုက်ရသေးပေ။ စာမေးပွဲဖြေရမယ့် သူကတောင် အေးဆေးနေနိုင်တာကို ကိုကိုကတော့ ကိုယ်တိုင်စာမေးပွဲခန်းအတွင်း ဝင်ရသူပမာ စိတ်ပူတတ်လွန်းလှပါသည်။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now