Ep-12(Uni+Zaw)

4.2K 311 32
                                    

Zawgyi

                 ညနေစောင်းနေပြီ ဖြစ်သောကြောင့် ထယ်ယောင်းတစ်ယောက် သူ့အတွက်ရော၊ ပေါက်စလေးအတွက်ပါ မီးဖိုချောင်ထဲဝင်လို့ တကုပ်ကုပ်နှင့်ပင် ညနေစာ ပြင်ဆင်နေမိသည်။ မနက်ကတည်းက ပင်ပန်းထားသည့် ကောင်လေးက ခပ်နွေးနွေးကိုယ်ငွေ့ လေး ရှိနေသည်ကြောင့် အပေါ်ထပ်မှာ အတင်းသိပ်ခဲ့ရ၏။ မဆိုစလောက်ကလေး ရှိချင်နေသည့် ဂျောင်ဂုလေး၏ အဖျားရှိန်ကြောင့် ပူပူနွေးနွေးဆန်ပြုတ် တစ်ခွက်ကို ကိုယ်တိုင်လုပ်ပေးချင်မိ၍ ယခုကဲ့သို့ ထယ်ယောင်း ကြိုးစားနေခြင်းပင် ဖြစ်သည်။

                 အေပရွန်ကို သေသေသပ်သပ် ဝတ်ပြီးသည်နှင့် ရေခဲသေတ္တာထဲတွင် ထည့်ထားသည့် ဝက်သားတုံးကို ဘုံပိုင်ပိုက်ခေါင်းတွင် ပထမဦးဆုံး ရေ‌ဆေးလိုက်၏။ ထို့နောက် ပွက်ပွက်ဆူနေသော ရေနွေးထဲသို့ အရသာမှုန့်များနှင့်အတူ ဟင်းချိုပန်းကန်ဖြင့် ချင်တွယ်၍ ဆန်အစိမ်း သုံးခွက်ထည့်လိုက်သည်။ ဆန်ပြုတ်အိုးကို မီးဖိုပေါ်တွင် တည်ထားရင်း ရေဆေးထားတဲ့ ဝက်သားကို အနေတော် အတုံးငယ်လေးများ လှီးတစ်၍ ဆန်များနူးသောအခါ ထည့်ရန် အသင့်ပြင်သည်။

              ထယ်ယောင်း  ဒုတိယ‌အကြိမ် မီးဖိုချောင်ထဲကို ဝင်တဲ့အခါမှာ ဦးဆုံးအခါလောက်တော့ ဗြောင်းဆန်မနေတော့ပဲ အနည်းငယ် ပြာယာခတ်ရုံလောက်သာ ရှိတော့သည်။ 'အလုပ်က လူကိုပြန်သင်တယ်'လို့ပဲ ပြောရမလား။ ဒါမှမဟုတ် ပေါက်စလေးကို ကျောင်းကစာတွေ ပါလို့ လိမ်ပြောပြီး စာကြည့်စားပွဲမှာ ညတိုင်းဖတ်ခဲ့ရသည့် ဟင်းချက်စာအုပ်တွေရဲ့ အစွမ်းလို့ပဲ ပြောရမလား။ ဘယ်လိုပဲဖြစ်ဖြစ် သူချက်ပြုတ်ထားတဲ့ အရသာတွေကို ယုန်လုံးလေး ကြိုက်ဖို့သာ အဓိက ဖြစ်သည်။

               မီးဖိုပေါ်မှာ ပွက်ပွက်ဆူအောင် တည်ထားသည့် ဝက်သားဆန်ပြုတ်၏ အရသာကို မြည်းစမ်းပြီးသည်နှင့် ထယ်ယောင်းရဲ့ နှုတ်ခမ်းတွေက အလိုအလျောက် ပြုံးမိပြီးသားပဲ။ ကွက်တိဖြစ်နေတဲ့ အရသာရယ်၊ သပ်သပ်ရပ်ရပ်ခူးခပ်လို့ထားတဲ့ ဆန်ပြုတ်ပန်းကန်လေးရယ်က တစ်ကယ့်ကို သားရေကျချင်စရာ ဖြစ်သည်။ ဂုကီတော့ ဒီလက်ရာကို လုံးဝစွဲသွားမှာ။

Obedience : Flawless Love{Rest_ Coming Soon}Tahanan ng mga kuwento. Tumuklas ngayon