Ep-10(Uni+Zaw)

4.1K 319 96
                                    

Zawgyi

          သီတင်းပတ်တစ်ခုရဲ့ ကြာသပတေးလို နေ့ မျိုးမှာဆိုရင် ဂျောင်ဂုလေးက လာမယ့် သန်ဘက်ခါအတွက် ကြိုတင်ပြီးတော့ကို အပျော်ကြီး ပျော်နေတတ်ပါသည်။ အရင်ကတော့ သိပ်ပြီး အထွေအထူး ကိစ္စမရှိပေမဲ့ အခုနောက်ပိုင်း ကျောင်းတက်ရတဲ့ ရက်တွေမှာဆို စနေနေ့ ကို မျှော်ရတာ ဂျောင်ဂုအတွက် တာဝန်တစ်ခုလိုပါပဲ။

               ဒီနေ့ မနက်ပိုင်းမှာတော့ ဂျောင်ဂုထက် ဝီရိယကောင်းလွန်းပါတဲ့ သူ့လူကြီးက နှိုးစက်နာရီကို ငါးနာရီပေးထားကာ ညက အိပ်ပျော်သွားလို့ မပြီးသေးတဲ့ ကျောင်းစာတွေကို ထပြီးရေးခိုင်း၏။ နှိုးစက်သံ မြည်နေတာကို ချက်ချင်းမထပါပဲ ကုတင်ပေါ်မှာ ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့်လုပ်ကာ ငါးနာရီဆယ့်ငါးလောက်ရောက်မှ ငေါက်ခနဲ ထထိုင်ရသည်။ သူသာ စောစောနိုးလို့ စာတွေပြီးနေရင် လူကြီးက သူ့ကိုအချစ်တွေပိုလာမှာ။

               ဂျောင်ဂုတစ်ယောက် ရေချိုးခန်းထဲဝင်၊ အိမ်သာတက်၊ မျက်နှာသစ်၊ ရေမိုးချိုးအကုန်လုံးကို ခပ်မြန်မြန်သွက်သွက်လုပ်ပြီး စာကြည့်စားပွဲပေါ်ဝင်ထိုင်လိုက်သည်။ သူအားလုံးလုပ်ပြီးတဲ့ အခါမှာ ခြောက်နာရီထိုးဖို့ ဘယ်လောက်မှ မလိုတော့သည့်အပြင်၊ လူကြီးလည်း မနိုးသေးပေ။ အနားသွားလို့ စာတွေရှင်းပြခိုင်းရန်အတွက် နှိုးဖို့ပြင်လိုက်ပေမဲ့ စောင်ကိုခြုံလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည့် သူ့လူကြီးကြောင့် မျက်နှာလေးကို အဝကြည့်ပြီး ကိုယ့်ဘာသာကိုယ် စာပြန်လုပ်ရန်သာ တွေးလိုက်ပါသည်။

"အဟိ...ငါ့လူကြီးက ချောလိုက်တာဆိုမှ မတော်မတရားပဲ။"

            ဂျောင်ဂုက ခါးလေးကိုကိုင်းလို့ ကုတင်ပေါ် ပက်လက်လှန်အိပ်နေသည့် သူ့လူကြီးကို သုံးမိနစ်လောက် ကြည့်ပြီးတာနဲ့ စာကြည့်စားပွဲကို ပြန်ကာ အာရုံစိုက်လို့ စာလုပ်ဖို့ ပြင်သည်။

          အရင်ဦးဆုံး လူကြီး မနေ့ က သင်ထားတဲ့ ဓာတုဗေဒတွေကို တစ်ခေါက်လောက် အစအဆုံး သေချာပြန်ကြည့်လိုက်တယ်။ ပြီးတာနဲ့ အကြမ်းစာအုပ်ကို ထုတ်လို့ ပုံသေနည်းတွေနဲ့ တွက်စာတွေကို အလွတ်ရေးကြည့်တယ်။ အားလုံးပြီးတော့မှ သိပ်များများစားစားမရှိသေးတဲ့ ကျက်စာကို နာရီဝက်လောက် အချိန်ပေးပြီး အရကျက်တယ်။ စာထဲမှာ သေချာအာရုံစိုက်ထားတဲ့အခါမှာ ဂျောင်ဂုကျက်ဖို့မုန်းတဲ့ စာတွေကတောင် ရတာလွယ်သလိုပဲ။
.
.
.
"စာတွေပြီးပြီလား။"

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now