Ep-20(Uni+Zaw)

3.7K 292 48
                                    

Zawgyi

                မနက်ဖန်ဆိုလျှင် ပေါက်စလေးသင်ကြားနေသော အထက်တန်း၏ နောက်ဆုံးစာမေးပွဲ ဖြစ်သည့်အတွက် ဒီနေ့တွင် ထယ်ယောင်းကပါဝင်၍ ကောင်ကလေးအတွက် စာလုပ်ပေးနေရသည်။ အရည်အချင်းမနည်းသော သူ့ရဲ့ပေါက်စလေးဟာ အထက်တန်းစာမေးပွဲကို ကျိန်းသေပေါက် အောင်မြင်မည်ဆိုတာကို သူသိပေမဲ့ ထူးထူးချွန်ချွန်ကလေး ဖြစ်စေချင်တာကြောင့် ထယ်ယောင်း သေချာစွာ ကြီးကြပ်ပေးနေရခြင်းပင် ဖြစ်၏။

"ကိုကို...ဂုကီ သခ်ျာမတွက်ချင်တော့ဘူး။"

"တွက်မှ ဖြေနိုင်မှာလေ။"

"ဒါပေမဲ့...မနက်ဖန် ဖြေမယ့်စာကို လုပ်ချင်နေပြီ။"

                       တကယ်ဆိုလျှင်တော့ မနက်ဖန် ဖြေရမည့် ကိုရီးယားစာပေဟာ ကိုကိုနှင့် လွန်ခဲ့သည့်ရက်များအတွင်းက အတူတကွ လေ့ကျင့်ထားပြီး ဖြစ်သည်ကြောင့် ပြန်ကြည့်စရာပင် မလိုလောက်သည်အထိ မှတ်မိနေပြီ ဖြစ်သည်။ သို့ပေမဲ့ ဦးနှောက်စားလွန်းပါသည့် အနှီသခ်ျာကို ဂျောင်ဂုမုန်းလွန်းသည်ကြောင့် ကလိမ်ဉာဏ်ဆင်နေခြင်းသာ ဖြစ်သည်။ ဖြစ်နိုင်လျှင် စာအုပ်တွေအကုန်လုံးကို ပစ်ချကာ ကိုကိုနှင့်သာ ချစ်ကြည်နူးနေချင်ပါ၏။

"ကိုယ်အတူလုပ်ပေး ပြီးသွားပြီလေ။ ဉာဏ်များမနေနဲ့ အလုံး။"

"ကိုကိုကလည်း~~~"

                    နှုတ်ခမ်းလေးကို စူပွပွလုပ်ကာ၊ ဝိုင်းနေသည့် မျက်လုံးလေးမှ မျက်တောင်ရှည်တို့ကို ပုတ်ခတ်၊ ပုတ်ခတ်လုပ်ပြနေသည့် ပေါက်စလေးက ထယ်ယောင်းကို ချွဲသည့်နေရာမှာ သိပ်ကိုတော်လွန်းပါသည်။ ဒါပေမဲ့ ထယ်ယောင်းဟာ အချဉ်မဟုတ်တာကြောင့် သခ်ျာမုန်းလွန်း ဉာဏ်တုံးကလေးကို အလျော့ပေးဖို့ လုံးဝမစဉ်းစားမိချေ။

"စာလုပ်ရင်းနဲ့ ဘာမုန့်စားချင်လဲ ဂုကီ။"

"အင်းးး....ပီဇာဝယ်ကျွေး။"

"ဒီတစ်ခန်းပြီးရင် ကိုယ်မှာပေးမယ်။ အခုတော့ အာရုံစိုက်တွက်...ဟုတ်ပြီလား။"

"ဟုတ်။"

                     ဂျောင်ဂုလေး၏ ကိုကိုသည် သူ့အပေါ်တွင် စီမံအား သိပ်ကိုကောင်းလွန်းပါသည်။ စည်းကမ်းတင်းကျပ်မှုလည်း လျော့မသွားစေသလို သူ့အတွက် လိုအပ်သမျှကိုလည်း အလိုလိုက်အကြိုက်ဆောင် ပေးပါသည်။ အခုလည်း စာလုပ်လို့‌ ပင်ပန်းနေမည့်သူ့ကို အားရှိမည့် အစားအစာလေးတွေကအစ သေသေချာချာ ပြင်ဆင်ပေးပြန်ပါ၏။ ထိုသို့ထိုသို့  အချက်များကြောင့်ပဲ ဂျောင်ဂုလေးရဲ့ အချစ်ဆုံးသူဟာ ကိုကို့ထက်မည်သူမျှပင် မပိုနိုင်တော့ချေ။
.
.
.
"ကျစ်! ဒီဆံပင်တွေက တမျိုး။"

Obedience : Flawless Love{Rest_ Coming Soon}Dove le storie prendono vita. Scoprilo ora