Ep-5(Uni+Zaw)

4.3K 352 63
                                    

  Zawgyi

                အဝါဖျော့ရောင်ရှိသည့် ရွက်ကြွေလေးတွေရယ်၊ မညီမညာ တည်ရှိနေသည့် ရိုးတံလေးတွေ ဖြန့်ကျက်လို့ ထား‌သော မြေလမ်းငယ် ဖြောင့်ဖြူးဖြူးရယ်သည် နွေဦး၏ အလှကို ပေါ်လွင်စေပါသည်။ ထိုလမ်းမထက် လျှောက်လှမ်းနေပါသော လူအများထဲမှ ကောင်ငယ်လေးနှစ်ယောက်သည်လည်း သဘာဝတရားထက် ပိုလှ၏။

"ကျောင်းအပ်ရင်လေ အုပ်ထိန်းသူ နေရာမှာ လူကြီးက လက်မှတ်ထိုးပေးမှာလားဟင်။"

"အင်း။"

"ဟီး ပျော်စရာကြီး။ အရင်ကဆို ကိုယ့်ဟာကို ထိုးရတာ။"

"ဟင်။"

"ဟုတ်တယ် လူကြီးရဲ့။ ဖေဖေက မအားလို့ မလိုက်နိုင်ဘူးလေ။ ပြီးတော့ မေမေကလည်း ဖေဖေ့ရဲ့ အလုပ်တွေ အကုန်လုံးကို လိုက်လုပ်ပေးနေရတော့ ဂုကီအတွက် အချိန်မပေးနိုင်ကြဘူး။"

                ထယ်ယောင်း နေ့ လည်စာစားပြီးချိန်တွင် ကျောင်းနှင့် သိပ်မဝေးတော့သောကြောင့် ကားကိုဆိုင်တွင်ထားခဲ့ကာ ကျောင်းသို့  လမ်းလျှောက်ကာသာ လာခဲ့သည်။ ဘေးချင်းယှဉ်လျက် လျှောက်နေရာမှ စကားဖောင်ဖွဲ့ နေပါသော ကောင်လေး၏ အပြောများတွင် ထယ်ယောင်း စိတ်မသက်မသာ ဖြစ်ရ၏။

"ဂုကီ...ကိုယ့်ကိုကြည့်။"

               စကားပြောခါနီး ကောင်လေး နားဝင်စေရန် ထယ်ယောင်းသည် ကိုယ်ကို အသာထိန်းကာ သူ့ဘက်လှည့်စေသည်။ ကြည့်ဆိုပြန်တော့လည်း မျက်လုံးအဝိုင်းသားနှင့် လူကို ပြူးပြဲကာ စိုက်ကြည့်ပြန်၏။ ဘယ်လိုရုပ်မျိုးမှန်းကို မသိတာ။

"ကိုယ် အခုပြောတာတွေကို သေချာမှတ်ထားနော်။"

"ဟုတ်ကဲ့..လူကြီး။"

"ကောင်းပြီ။
ကိုယ်နဲ့ ဂုကီလက်ထပ်တဲ့ နေ့ ကစပြီး ကိုယ်က ဂုကီရဲ့ ယောက်ျားဖြစ်သလို၊ အိမ်ထောင်ဦးစီးလည်းကိုယ်ပဲ။"

"ဟုတ်။"

"ပြီးတော့ ဂုကီက အခုမှ အသက်ပြည့်ခါစဆိုတော့ အုပ်ထိန်းသူကလည်း ကိုယ်ပဲ။ ဒီလောက်ထိ နားလည်လား။"

"နားလည်ပါတယ်။ ဆက်ပြောပါလူကြီး။"

              ဂျောင်ဂုလေးရဲ့ လူကြီးက အလုပ်လုပ်ရာတွင် အတော်လေး စေ့စပ်ပုံ ရသည်။ ယခုကဲ့သို့ သာမန်စကားပြောခြင်း အမှုတွင်မူ သူ‌ပြောသမျှ စကားလုံးများအပေါ်စိတ်ဝင်စားမှု ရှိ၊မရှိ စမ်းစစ် တတ်သေးသည်။ လူကြီးရဲ့ စိတ်ကို နားလည်တဲ့ ဂျောင်ဂုကပဲ သူ့လူကြီး သဘောကျအောင် အလိုက်အထိုက် နေပေးရပါသည်။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now