Ep-30(Uni+Zaw)

2.4K 287 29
                                    

Zawgyi
    
        ဒီနေ့ရဲ့မနက်ခင်းမှာ တောက်တဲ့လေးလုပ်နေသည့် ပေါက်စကောင်လေးကြောင့် ထယ်ယောင်းအတော်လေး နေရကျပ်ရ၏။ ပုံမှန်ဆိုလျင် အတင်းဆွဲထားရင်တောင် ဘယ်ပြေးချင်လို့ပြေးချင်နေမှန်းမသိတဲ့ ကောင်ကလေးက ဒီနေ့မှာတော့အိပ်ယာထကတည်းက ခွာမရအောင်ကပ်နေလေသည်။ ရေချိုးချိန်၌ပင် မနည်းခွာထားရသည့် ပေါက်စလေးက အခုမနက်စာပြင်နေချိန်မှာလည်း ထယ်ယောင်းကိုဖက်တွယ်ထားသေး၏။

"အပူလောင်မယ်လေ...ဂုကီ။"

"ဟင့်အင်း။ ရတယ်...ကိုကို။"

         ကင်မ်ချီထမင်းကြော်ကို မနက်စာအတွက်ပြင်ဆင်နေသည့် ကိုကို့ရဲ့ကျောပြင်ကျယ်ကို ပါးလေးအပ်ရင်း ခါးတစ်ဝိုက်ကိုဂျောင်ဂု သိမ်းကျုံးဖက်ထားမိသည်။ မှတ်မိနေမြှဖစ်မည်။ ကိုကို့ကိုယ်သင်းနံ့လေးတွေကို ဂျောင်ဂုလေးကအလွတ်ရနေမြှဖစ်ပါမည်။ တစ်နေဝင်ရင်ကိုကိုနှင့် ခွဲခွာရတော့မည်မို့ ကိုကို့မပါဝင်မည့် သူ့နေ့ရက်တွေမှာ ကိုကို့ကိုယ်သင်း‌နံ့လေးမှအစ ဦးနှောက်လေးထဲစွဲမြဲနေမှ ဖြစ်ပါလိမ့်မည်။ လွမ်းရပါတော့မည်။

"အဆိုးလေး။ ကိုယ့်ကိုနည်းနည်းတော့ လွှတ်ပေးပါဦးကွာ။"

         နွားနို့ဘူးယူဖို့အတွက် ရေခဲသေတ္တာဆီကို လှမ်းသည့်အချိန်မှာလည်း ကောင်ကလေးဟာသူ့ကိုဖက်ထားသည့်အတိုင်း အတွဲလိုက်ကလေး ပါလာပြန်သည်။ ထို့ကြောင့်...လက်ဖောင်းတုတ်ကလေးတွေကို ဆွဲဖယ်ဖို့လုပ်သည့်အခါ ကျောပြင်မှာအပ်ထားသည့် ခေါင်းလုံးလုံးကပြုတ်ထွက်မတတ် ခါလာသည်မို့ ထယ်ယောင်းဒီအတိုင်းသာ ထားလိုက်ရတော့သည်။ ပေါက်စကောင်ကလေးကြောင့် ထယ်ယောင်းဒီနေ့တော့ မီးရထားကြီးစီးရတော့မည်ထင်ပါသည်။

"ပေါင်မုန့်ပါမီးကင်ပေး...ကိုကို။"

"အင်း။ သွားထိုင်နေတော့။"

"မထိုင်ချင်ဘူး။"

        ကိုကိုနှင့်လက်ထပ်ပြီးကတည်းက မနက်စာမှာမပါမဖြစ်,ဖြစ်တဲ့ ပေါင်မုန့်မီးကင်လေးကို ဂျောင်ဂုလေးကမသွားခင် တဝကြီးစားသွားချင်သေးတာမို့ ကိုကို့ကိုပူဆာမိသည်။ ထို့နောက်မှာတော့...အကုန်လုံးပြင်ဆင်ပြီးသွားပုံရတဲ့ ကိုကိုကစားပွဲမှာ သွားထိုင်စောင့်ဖို့ ပြောသည့်အခါဂျောင်ဂုလေးက ခြေထောက်ကိုသိသိသာသာလေး ဆောင့်လိုက်မိသည်။ ကိုကို့အနားက မခွာချင်ပါဘူးဆိုမှ...။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now