Ep-15(Uni+Zaw)

3.9K 318 92
                                    

Zawgyi

               လုပ်စရာရယ်လို့ မည်မည်ရရမရှိသလို၊ အပြင်သွားစရာလည်း မရှိတဲ့ထယ်ယောင်းအတွက် ဒီနေ့ ဟာ သာသာယာယာပါပဲ။ မနက်စာစားပြီးတာနဲ့ ဧည့်ခန်းထဲကိုလာပြီး ကော်ဖီခွက်ကို စားပွဲခုံပေါ်ချ၊ ဆိုဖာပေါ်မှာထိုင်လို့ မနက်ပိုင်းတီဗွီအစီအစဉ်တွေကိုသာ ကြည့်နေလိုက်တော့သည်။ ညကကိစ္စအတွက် ပေါက်စလေးနဲ့သူနဲ့ကြားမှာ အနေရခက်နေမယ်လို့ ထင်ခဲ့ပေမဲ့ ပုံမှန်လေးအတိုင်း ပြောဆိုဆက်ဆံနေတဲ့ ကောင်လေးကြောင့် စိတ်သက်သာရာရမိသည်မှာ အမှန်ပင်။

              ထယ်ယောင်းရဲ့မျက်နှာချင်းဆိုင် ကြမ်းပြင်ပေါ်မှာ အိမ်စာ,စာအုပ်တွေ တစ်ပုံကြီးချလို့ စာလာလုပ်သည့်‌ကောင်ကလေးက ပြောရဆိုရ တစ်ကယ့်အခက်လေး။ ကြမ်းခင်းကအေးနေလို့ နေမကောင်းဖြစ်မယ်လို့ ပြောနေတာကိုတောင် နားမထောင်ပဲ ပေကပ်လို့ ထိုင်မြဲသာထိုင်နေပါသည်။

"ဂုကီ အိမ်ပေါ်တက်လေ။"

"ဟင့်အင်း ဒီနားမှာနေချင်လို့။"

"မတက်ချင်လည်း ခင်းထိုင်ဖို့ တစ်ခုခုသွားယူလေ။ ကြမ်းခင်းကအေးနေတာကို ဖျားနာနေဦးမယ်။"

"ရပါတယ်ဆို..... လူကြီးရာ။"

               ဘယ်လိုနည်းနဲ့မှ ပြောရမည့်ပုံ မပေါ်တာကြောင့် အမြင်မတော်တဲ့သူကပဲ ဆိုဖယပေါ်မှာထားသည့် ချည်စောင်တစ်ထည်ကိုခေါက်လို့ ပေါက်စလေးတင်ပါးအောက် ထည့်ပေးရသည်။ ကိုယ်တိုင်သာ ထမလုပ်ချင်တာ သူလုပ်ပေးတော့ ပြုံးပြုံးလေးလည်ပြန်ကြည့်ပြီး ဇိမ်ခံနေ၏။

"လူကြီးရေ...ဂုကီကို ဒါလေးပြောပြပါဦး။"

"ဘယ်ဟာလဲ။ ကိုယ့်ကို ပြကြည့်လေ။"

"သခ်ျာ အခန်း(လေး) လူကြီးရဲ့။"

"Inequationတွေလား။"

"ဟုတ်တယ် လူကြီး။ အဲ့တာကလေ မျှားပေါ်က အလုံးလေးတွေကို အမဲခြစ်ရတာက ဘယ်လိုလုပ်ရလဲ မသိတော့လို့။"

"greater than ဒါမှမဟုတ် less thanမှာ or equalပါရင် number line ပေါ်က အလုံးလေးကို အမဲရောင်ခြစ်။ မပါရင် မခြစ်နဲ့....အဲ့တာပဲလေ။"

"အင်း။"

"ဒါနဲ့ ဆရာမရှီအာသင်တုန်းက သေချာလိုက်မမှတ်ဖူးလား။ ဆရာမက အသင်အပြကောင်းတာကို။"

Obedience : Flawless Love{Rest_ Coming Soon}Où les histoires vivent. Découvrez maintenant