Ep-13(uni+zaw)

4.1K 320 78
                                    

Zawgyi

                  ဂျောင်ဂုအိပ်ယာနိုးကတည်းက သူ့ဘက်ကို ကျောပေးရပ်လို့ ရှပ်အကျီအဖြူရဲ့ ကြယ်သီးလေးတွေကို တစ်လုံးချင်းစီတွယ်နေသည့် လူကြီးကြောင့် ကုတင်ပေါ်မှာပဲ ငုတ်တုတ်ထထိုင်ကာ တမေ့တမော ကြည့်နေလိုက်မိသည်။ အိပ်ခန်းပြတင်းပေါက် ဖွင့်ထားတာကြောင့် လေတစ်ချက်တိုက်လိုက်တိုင်း လွင့်သွားတဲ့ လူကြီးရဲ့ဆံပင်ကောက်ကောက်တွေက ဂျောင်ဂုအတွက် အရသာခံကြည့်စရာတစ်ခုလို ဖြစ်နေသည်။ ဂျောင်ဂုပိုင်တဲ့လူကြီးက ချောမောမှုတွေ အပြည့်နှင့်။

              အာ...ကျောင်းသွားရမှာကို လူကြီးတောင် ပြင်ဆင်ပြီးနေပြီ။ ငါကအခုမှ ငေးလို့ကောင်းတုန်း။ ဂျွန်ဂျောင်ဂုရေ...မင်းတော့ သေချင်စော်နံနေပြီ။

"ဘယ်သွားမလို့လဲ။"

"ရေချိုးမလို့။"

"ဖျားနေတယ် မဟုတ်ဖူးလား။"

                  ပြောရင်းဆိုရင်းနှင့်ပင် လူကြီးရဲ့လက်တွေက ဂျောင်ဂုရဲ့နဖူးပေါ်သို့ အလိုလို ရောက်နေပြီးသား ဖြစ်သည်။ မနက်စောစောစီးစီးမှာရတဲ့ လူကြီးရဲ့ ဂရုစိုက်မှုတွေက ဂျောင်ဂု‌လေးအတွက် ချိုချိုမွှေးမွှေး သကြားလုံးလေး စားလိုက်ရသလိုပဲ။ ရင်ခုန်ခြင်းနှင့် စိတ်ကျေနပ်မှု ရောပြွန်းနေ၏။

"နည်းနည်းနွေးနေသေးတယ်။"

"အဲ့တာဆို ဒီတိုင်းပဲ ယူနီဖောင်းသွားလဲလိုက်တော့မယ် လူကြီး။"

"ကျောင်းမသွားနဲ့တော့။ ကိုယ် ခွင့်တိုင်ပေးထားမယ်။"

"အင်း။"

"သောကြာနေ့ဆိုတော့ ပိတ်ရက်နှစ်ရက်နဲ့ရောပြီး နားနားနေနေ,နေလိုက်။ "

"ဂုကီ တစ်ယောက်ထဲ နေခဲ့ရမှာပေါ့နော်။"

"ကိုယ် ဖုန်းပြန်ပေးထားမယ်။ လိုအပ်ရင် ဆက်ပေါ့။"

"ဟုတ်။"

                  'လူကြီးက ‌ခွင့်ယူပေးထားပါမယ်'လို့ ပြောတဲ့အခါမှာ ဂျောင်ဂုက ‌တစ်ကယ်ပျော်ပါသည်။ ဒါပေမဲ့ ခေါင်းထဲရုတ်တရပ် ဝင်လာသည့်အတွေးက 'လူကြီးသာ ကျောင်းသွားရင်၊ သူအိမ်မှာ တစ်ယောက်တည်းနေခဲ့ရမယ်' ဆိုတာပါပဲ။ စိတ်မကောင်းဖြစ်မိရုံရှိသေး ဟိုတစ်ရက်က သိမ်းထားတဲ့ဖုန်းကို လူကြီး ပြန်ပေးတဲ့အပြင်၊ လိုအပ်တဲ့အချိန်တိုင်းလည်း အဆက်အသွယ်လုပ်ဖို့ ပြောပါသေးသည်။ ဂျောင်ဂုလေးအတွက် လူကြီးကသာ အကောင်းဆုံး။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now