Ep-29(Uni+Zaw)

2.3K 266 15
                                    

Zawgyi
       
         တစ်ပါတ်ပြည့်သွားခဲ့ပြီ။ ဂျောင်ဂုလေးနဲ့ဦးလေးကြီး ဒိုယောင်းအပြန်အလှန် ကတိပေးခဲ့ကြတဲ့ တစ်ပါတ်ဆိုတဲ့ အချိန်ကာလလေးပြည့်သွားခဲ့ပြီ။ ဒါပေမဲ့...ထိုတစ်ပါတ်အတွင်းမှာ ဂျောင်ဂုလေးကဦးလေးကြီးကို ‌ကတိပေးထားခဲ့တဲ့ ကိစ္စနဲ့စပ်လျဉ်းပြီး အစတောင်မဖော်သလို...၊ ကြိုးစားပြီးမေ့မေ့ပျောက်ပျောက်နှင့်သာ နေခဲ့သည်။

            ထူးခြားလာတာတစ်ခုကတော့...ဂျောင်ဂုလေးက အရင်လိုအစားမက်၊ အဆော့သန်တဲ့ ကောင်လေးမဟုတ်တော့တာပါပဲ။ သူငယ်ချင်းလေးတွေနဲ့လည်း ဂိမ်းမဆော့ဖြစ်တော့ဘူး။ အစားကိုလည်း ပလုတ်ပလောင်း မစားဖြစ်တော့ဘူး။ ကိုကို့ကိုလည်း မချွဲဖြစ်တော့ဘူး။ ထောင့်တစ်ထောင့်မှာကပ်လို့ နေကုန်နေခမ်း မှိုင်တွေတတ်လာသည်။ ကုန်ကုန်ပြောရလျင်...ဂျောင်ဂုလေးက အိပ်ချိန်တွေမှာပါ ကြိတ်ငိုတတ်လာခဲ့ပြီ။

"ငြိမ်လှချည်လား...ဂုကီ။"

"လှုပ်နေပါတယ်ကိုကိုရဲ့...။"

"ဟဟား။"

              စာကြည့်စားပွဲမှာ မျက်မှန်လေးတစ်လက်နဲ့ အလုပ်လုပ်နေသည့်ကိုကိုက ကုတင်ပေါ်မှာခွေခွေလေး လှဲနေသည့်ဂျောင်ဂုလေးကို စကားလှမ်းပြောသည့်အခါ ခြေထောက်တုတ်တုတ်‌လေးတစ်ဖက်ကို သူလှုပ်ပြလိုက်သည်။ ကိုကိုဟာလှည့်မကြည့် လာပေမယ့်လည်း သူ့အသံကြားတော့ ခပ်ဟဟရယ်သည်။ လက်ထပ်ပြီးကတည်းက ကြားခဲ့ရသည့်ကိုကိုရယ်သံဟာ အခုမှ...အခုကျမှ သိပ်ကိုနားဝင်ချိုနေ၏။ ဂျောင်ဂုလေးကကိုကိုနဲ့ မခွဲချင်တော့ဘူး...။

"အင့်။"

         ခေါင်းအုံးလေးကိုပိုက်ထားပြီး မျက်နှာလေးကိုပါ ခေါင်းအုံးထဲနှစ်ထားတာမို့ ရှိုက်သံတိုးတိုးကထွက်လို့လာသည်။ စိတ်ထဲဝမ်းနည်းနေတာမို့ ငိုချင်သည်။ ဒါပေမဲ့လည်း...ကိုကို့ကိုမသိစေချင်ပါ။ ဒါကြောင့်...ကြိတ်ငိုနေမိခြင်းဖြစ်သည်။

            ပြိုကွဲအောင်လုပ်ရမည်တဲ့...။ ပြောသွားသည့်စကားနှင့် ထားခဲ့ကြသည့်ကတိဟာ ရိုးရိုးလေးနှင့်ရှင်းရှင်းလေးဖြစ်သည်။ သို့ပေမဲ့...ဂျောင်ဂုလေးအတွက် ခက်ခဲလွန်းလှသည်။ သူဟာကိုကို့ကို ရင်နှင့်မဆံ့အောင် ချစ်ရသူမို့ကိုကိုနှင့် ခွဲရမည့်ကိစ္စရပ်ကို စိတ်ကူးထဲ၌ပင်‌တွေးမထားခဲ့ပါ။ အခုတော့ဖြစ်လာခဲ့ပြီ။ ဘယ်တုန်းကမှ မထင်ထားခဲ့သည့် ကြောက်မက်ဖွယ်ကိစ္စဟာ ဖြစ်လာခဲ့လေပြီ။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now