Ep-17(Uni+Zaw)

3.5K 298 51
                                    

Zawgyi

               အခုဆိုရင် ထယ်ယောင်း သူ့ပေါက်စလေးနှင့် လက်ထပ်ထားသည်မှာ နှစ်လကျော်လို့ သုံးလစွန်းစွန်းထဲပင် ရောက်နေပြီဖြစ်သည်။ ကုန်ဆုံးခဲ့သည့် အချိန်များအတွင်း နှစ်ယောက်အကြား ပိုတိုးလို့လာသည့် သံယောဇဉ်နှင့် ဂရုစိုက်မှုတွေအပြင် အခြားဘာမှ ထူးထူးခြားခြား မတိုးတက်သေးပါ။

                 ကောင်ကလေးဘက်မှ တဖွဖွ 'ချစ်တယ်'ပြောသလောက် ထယ်ယောင်းမှာတော့ မကြာမီဖြေရမည့် ပေါက်စလေး၏ အထက်တန်းစာမေးပွဲနှင့် တက်လမ်းလေးတွေအတွက် ဖြည့်တွေးကာ တုတ်တုတ်မျှပင် မလှုပ်ဘဲနေခဲ့၏။ စာကြိုးစားရမည့် အရွယ်ကလေးမှာ အချစ်ဆိုတဲ့ အရာကြီးအတွက်နှင့် ကောင်လေးကို ထယ်ယောင်းစိတ်မရှုပ်စေလိုပါ။ ထူးထူးချွန်ချွန် လူလိမ္မာကလေးတစ်ယောက် ဖြစ်စေချင်သေးသည်။

"ကိုကိုရေ...ထမင်းဗူးထဲမှာ ဇွန်းထည့်ပြီးပြီလားဟင်။"

"အင်း။ သေချာအောင် ပြန်စစ်လိုက်ဦး။"

"ဟုတ် ကိုကို။"

"စားပွဲပေါ်မှာ ထမင်းလိပ် ပြင်ပေးထားတယ်။ သေချာထိုင်ပြီး အေးဆေးစား။"

"အွမ်း။"

"ပလုတ်ပလောင်းနဲ့ကွာ။"

                တဖြည်းဖြည်းနီးလာပြီဖြစ်တဲ့ စာမေးပွဲကြောင့် အခုရက်ပိုင်း ဂျောင်ဂုလေးမှာ သူ့ကိုကိုနှင့်အတူ ညနက်သည်အထိ စာတွေကို စိတ်ပါလည်းလုပ်၊ မပါလည်း လုပ်နေရသဖြင့် အရင်ကလို ကိုကိုက မနက်စောစော မထခိုင်းတော့။ ကျောင်းသွားဖို့ နာရီဝက်အလိုလောက်မှသာ အိပ်ယာမှ ထတတ်ပြီး နိုးလာလျှင်လည်း ယူနီဖောင်းကစလို့ ထမင်းဗူးအထိ ကိုကိုက သပ်သပ်ရပ်ရပ် ပြင်ပေးထားတတ်သေးသည်။

                အခုလည်း ကိုကိုပြင်ပေးထားသည့် မနက်စာထမင်းလိပ်ကလေးကို ပါးအိအိစက်စက်ကလေး နှစ်ဖက် လုံးတက်လို့ စကားသံတွေ ဝေဝါးသည်အထိ အားရပါးရ စားမိသည်။ ကိုကိုနဲ့လက်ထပ်ပြီးကတည်းက ဂျောင်ဂုရဲ့ နေ့စဉ်ဘဝလေးဟာ အစစ၊ အရာရာ အဆင်ပြေလွန်းလှပါသည်။
.
.
.
                  ထယ်ယောင်း မနက်စာစားနေသည့် ကောင်ကလေးကို ဧည့်ခန်းမှာ တီဗွီကြည့်ရင်း ထိုင်စောင့်နေလိုက်သည်။ ထို့နောက် မနက်ပိုင်းသတင်းအစီအစဉ်တွေကို နားထောင်နေရင်းနှင့်ပင် ပေါက်စလေး၏ ကျောပိုးအိတ်ကို တစ်ချက်စီစစ်ပေးမိသည်။ နမော်နမဲ့နိုင်လွန်းသည့် ဟာလေးက ဟိုစာအုပ်ကျန်၊ ဒီဘောပင်ကျန် ဖြစ်တတ်လွန်းလို့။

Obedience : Flawless Love{Rest_ Coming Soon}Kde žijí příběhy. Začni objevovat