Ep-27( Uni+Zaw)

2.9K 288 23
                                    

Zawgyi

              ဂျောင်ဂုလေးသည် ဟန်ဂုဆေးရုံရှိ ပြင်ပလူနာဌာန၏ ကုတင်ပေါ်တွင်ထိုင်ရင်း ပြာယာခတ်နေသော သူနာပြုမလေးနှင့် စိတ်မရှည်သော ကိုကို့ကို ပြူးတူးတူးထိုင်ကြည့်နေမိသည်။ အလက်ဂျစ်ဖြစ်သောလူနာ၊ ခြေထောက်ကျိုးသောလူနာနှင့် အမောဖောက်နေသော သက်ကြီးလူနာများဆီသို့ သူနာပြုမလေးသည် သွားရန်တပြင်ပြင် လုပ်နေသော်လည်း အတင်းဆွဲထားကာ သူ့ခေါင်းရှိမဖြစ်စလောက် ဒဏ်ရာလေးကို အတင်းကုခိုင်းနေသော ကိုကို့ကြောင့်သူနာပြုမလေးခမျာ ခေါင်းတကုတ်ကုတ်နှင့် ဖြစ်နေရှာ၏။

"ဒီမှာ လူနာအမောဖောက်ပြီးသေသွားရင် ဘယ်လိုလုပ်မလဲ။"

"တခြားဒေါက်တာတွေ ရှိတာပဲ။"

"အို...ရှင့်လူနာက အရေးမှမကြီးဘဲ။"

"ခေါင်းဆိုတာ အန္တရာယ်ရှိတဲ့နေရာ။ အတိတ်မေ့တာတို့၊ဘာတို့ ဖြစ်သွားရင် ကလေးပဲခံရမှာ...။"

"အမလေးရှင်။"

              သူနာပြုဆရာမလေးကို လျှာရှည်လိုက်တာဆိုသည့်သဘောနှင့် မျက်မှောင်ကျုံ့ကာကြည့်ရင်း ရန်ပြန်တွေ့နေသည့်ကိုကိုကြောင့် ဂျောင်ဂုလေးမှာ ပါးစပ်အဟောင်းသားလေးပင် ဖြစ်သွားရသည်။ အမြဲတည်တည်တံ့တံ့နှင့် နေတတ်သည့်ကိုကိုဟာ အခုလိုလည်း နှုတ်သီးကောင်းလျှာပါး လုပ်တတ်သည်တဲ့လား...။ မြင်ရခဲသည့်ပုံရိပ်လေးမို့ ဂျောင်ဂုလေးက ကိုကို့ကိုမျက်တောင် မခတ်စတမ်းသာ ကြည့်နေမိတော့သည်။ ကိုကိုဟာ သူ့ကိုစိတ်ပူနေတာတဲ့...ဟိဟိ။

"ဂွမ်းကပိုးရော သတ်ထားရဲ့လား။"

"ရှင်ကုမလား။ ကျွန်မအလုပ်ထွက်လိုက်တော့မယ်။"

"အဟိ။"

"ဘာရယ်တာလဲ။"

"ဘာမှမဟုတ်ဘူး...ကိုကို။ ယား-ယားလို့ပါ။"

               ပေါက်စလေးရဲ့နဖူးပေါ်ကို ဆေးမထည့်သေးဘဲ ဂွမ်းစနဲ့တို့လိုက်ထိလိုက် လုပ်နေ‌သည့်သူနာပြုကို ထယ်ယောင်းစိတ်မရှည်တော့သဖြင့် စကားလမ်း‌ကြောင်းလွှဲကာ မေးလိုက်သော်လည်း ဆတ်ဆတ်ထိမခံ ကတ်ကတ်လန်ရန်တွေ့လာသော သူ(မ)ကြောင့် ထယ်ယောင်းစိတ်ရှုပ်လာရသည်။ ထို့အပြင် ဒီလိုအချိန်မျိုးမှာပင် အလိုက်မသိ တဟိဟိနှင့်ရယ်နေသော ကောင်ကလေးကို ထယ်ယောင်းမျက်စောင်းကြီးကြီးထိုး၍ ပိတ်ဟောက်ပစ်လိုက်သည်။ ထိုမှပါးစပ်ပိတ်သွားသည့် ပေါက်စလေးဟာ သူမသိအောင် ခိုးရယ်နေသေး၏။ ကျပ်မပြည့်လေး...။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now