Ep-34(Uni+Zaw)

3.9K 312 39
                                    

Zawgyi

        လက်ကောက်ဝတ်တစ်ခုလုံးအား ပြတ်ထွက်လုနီးပါးဆုတ်ကိုင်ထားသည့်အပြင် ရပ်ထားသည့်ကားဆီသို့ ခြေလှမ်းကျဲကျဲကြီးများနှင့် လျှောက်လှမ်းနေသည့်ကိုကိုကြောင့် ဂျောင်ဂုလေးမှာမြေပြင်ပေါ်တွင်သာ ခန္ဓာကိုယ်လုံးလုံး‌လေးကို လှိမ့်၍လှိမ့်၍သာအော်ငိုလိုက်ချင်တော့သည်။ ကိုကိုလည်းစကားလည်းတစ်ခွန်းမျှ မပြောသလို၊ သူ့စကားတွေကိုလည်း နည်းနည်းလေးမျှပင်နားမထောင်ပါ။ ဦးတည်ရာကားအနက်လေးဆီသို့သာ ခေါ်ဆောင်ရင်းကား‌‌လေးနား ရောက်သည့်အခါတွင်လည်း ဂျောင်ဂုလေးကိုစူးစူးရဲရဲကြည့်နေပြန်၏။

"ဝင်။"

"...."

"ကားထဲကိုမြန်မြန်ဝင်...ဂျွန်ဂျောင်ဂု။"

        ကားတံခါးကိုအားပြင်းပြင်းနှင့် ဆွဲဖွင့်လိုက်သည့်ကိုကို့ကြောင့် ဂျောင်ဂုလေးမှာထိတ်လန့်ခြင်းများစွာဖြင့် ကိုကို့မျက်နှာကိုမရဲတရဲကြည့်မိသော်လည်း အေးစက်ခဲတောင့်နေသည့် ပြတ်သားသောကိုကို့စကားသံများကြားတွင် မျက်ရည်တို့ဝိုင်းလာရသည်။ ထို့‌အပြင်...ဒေါသရှိန်ကြောင့်နီမြန်းနေသည့် ကိုကို့မျက်နှာအားထပ်မကြည့်ဝံ့သည်မို့ ကိုကို့အမိန့်အတိုင်း ဖွင့်ထားသည့်ကားတံခါးကို လက်ဖြင့်အနည်းငယ်တွန်းတိုက်ကာ ကားအတွင်းသို့ဝင်ထိုင်လိုက်၏။ သိပ်မကြာလိုက်ပါ။ ကိုကိုသည်လည်းသူ့ဘေးသို့ ရောက်လာလေသည်။

"အိမ်ကိုပဲမောင်းပါ...ဦးလေး။"

"ဟုတ်ကဲ့...အစ်ကိုလေး။"

       တိတ်ဆိတ်လွန်းနေသည့် ကားလေးအတွင်း၌ စိုးရိမ်ဒေါသဖြစ်မှုကြောင့် ပူလောင်နေသည့်ထယ်ယောင်း၏ အသက်ရှုသံကျယ်ကျယ်လောင်လောင်များက ပြင်းပြစွာထွက်ပေါ်နေသည်။ ဘေးတွင်ထိုင်နေသည့် လူဆိုးလေးသည်မူ ဇက်ကလေးကိုပုတိုထားရင်း ဒူးလေးနှစ်ချောင်းမှအစကျုံ့ထားကာ လက်သည်းတွေကိုအားပါးတရ ကိုက်ခဲနေသည်မို့ထယ်ယောင်း တစ်ဖက်သို့သာမျက်နှာလွှဲထားလိုက်သည်။ ထို့နောက်...ခေါင်းခန်းရှိဦးလေးကိုအသိပေးရင်း အိမ်ဆီသို့သာကားကို ဦးတည်မိတော့၏။ လူဆိုးလေး၏ဆိုးသွမ်းမှုများက လွမ်းနေ၊သတိရနေမိသည့် စိတ်ကိုပင်ပြေပျောက်သွားစေနိုင်ပါသည်။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now