Ep-32(Uni+Zaw)

2.5K 265 22
                                    

Zawgyi 

    ဆာကူရာရနံ့သည် နှာခေါင်းဝတွင်လှိုင်နေသည်။ ကျယ်ဝန်းသောခြံနှင့် အပြည့်ရှိသော ဝါးရုံပင်များကလည်း လေတိုက်တိုင်းယိမ်းထိုးကခုန်နေကြသည်။ ခြံထောင့်ပိုင်းတွင် နှစ်ပင်၊သုံးပင်သာရှိသည့် ဆာကူရာပင်မှပွင့်ဖတ်ကြွေများသည်လည်း ကွန်ကရစ်ကျောက်သားမခင်းထားသော မြေကြီးပေါ်တွင် အနှံ့အပြားကြွေကျနေကြ၏။ ချစ်စရာကောင်းသည်။ ဂျပန်မလေးများရှိသည့် ဆာကူရာမြေသည် မွေးရပ်မြေဟန်းဂုလောက် မဟုတ်သော်ငြားလည်း ချစ်စဖွယ်ကောင်းပါသည်။

       နှစ်ထပ်ခန့်ရှိသော တိုက်ခံအိမ်၏အပေါ်တွင် မကျဉ်းမကျယ်သော ဝရံတာလေးရှိသည်။ ထိုဝရံတာလေးတွင် ဝါးဖြင့်ပြုလုပ်ထားသော ခုံပုနှစ်လုံးကို မျက်နှာချင်းဆိုင်ချထားသည်။ အလယ်၌မှန်စားပွဲလေးရှိ၏။ အိပ်ယာနိုးသည်နှင့် ဂျောင်ဂုလေးသည်ယင်းခုံလေးများတွင် ထိုင်လေ့ရှိသည်။ ယခင်ကဆိုလျင် ကိုကို့ဘေးတွင်ကပ်တွယ်ကာ ကိုကို့အမြီးလေးလုပ်နေတတ်သော်လည်း ဂျပန်‌ကိုရောက်ကတည်းက တစ်ယောက်တည်းသာ အနေများလာခဲ့သည်။ ထားခဲ့ရသည့်ကိုကို့ကိုလွမ်းသည်။

         ဝါးခုံအပုလေးတွင် ဝင်ထိုင်ကာခြံထဲသို့ သူငေးငေးငိုင်ငိုင်ကြည့်မိသည်။ (၃)ရက်ရှိသွားခဲ့ပြီ။ ကိုကို့ကိုထားခဲ့ပြီး ကိုကို့ရင်ခွင်မှခွဲထွက်လာခဲ့သည်မှာ (၃)ရက်ဟူသောရှည်လျားသည့် အချိန်တစ်ခုရှိခဲ့ပြီ။ ထိုရက်များအတွင်း ကိုကိုဆော့ဂျင်၏ ဂရုစိုက်နွေးထွေးပေးမှုများကြောင့် နေရ၊ထိုင်ရသည်မှာ အဆင်ပြေလှသော်ငြား ကိုကို့ကိုသတိရ၊တမ်းတလွန်းသည့်စိတ်ကြောင့် ဂျောင်ဂုလေးမှာအိပ်မပျော်၊ စားမဝင်ဖြစ်ခဲ့ရ၏။

       ကိုကိုများသူ့ကို လိုက်ရှာနေမလား...။ သတိရလွန်းလို့ ငိုနေမလား...စသည့်စိတ်ဖြင့် ပူပင်ဝမ်းနည်းရသလို တစ်ဖက်တွင်လည်း ကိုကိုသူ့ကိုမေ့ကာ အသစ်ကလေးတွေများ တွေ့နေမလား...ဟူသည့်စိတ်ဖြင့် အူတိုရသေးသည်။ ဝေးကွာနေသည့်တိုင်အောင် ကိုကိုသည်ဂျောင်ဂုလေးကို လွှမ်းမိုးထား၏။

"ဂုကီ။"

"ဟင်။ ကိုကို။"

"မနက်စာစားရအောင်လေ...။"

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now