Ep-8(Uni+Zaw)

4K 329 59
                                    

Zawgyi

              ဂျောင်ဂုလေးတို့နှစ်ယောက် စီးလာတဲ့ ကားအဖြူလေးက ကျောင်းရှေ့ကိုရောက်လို့ ရပ်လိုက်တာနဲ့ တစ်ပြိုင်နက် ဂျောင်ဂုက ကားပေါ်ကဆင်းလို့ ကျောင်းအဝင်‌တံခါးနားကနေ သူ့လူကြီးအလာကို ရပ်စောင့်နေလိုက်သည်။ ခဏလောက်အကြာ ကားပါကင်လို့ ခေါ်လို့မရတဲ့ ကျောင်းက ဆရာ၊ ဆရာမတွေ ကားစုပြီးရပ်တဲ့ နေရာကနေ ထမင်းဘူး အပြာလေးကို လက်တစ်ဖက်ကကိုင်လို့၊ ကျန်တဲ့လက်တစ်ဖက်ကလည်း မထူမပါးစာအုပ် သုံးလေးအုပ်လောက်ကို ကိုင်ကာ လူကြီးက သူ့ဆီကို တန်းတန်းမတ်မတ် လျှောက်လာနေသည်။ မလှမ်းမကမ်း အကွာအဝေးကနေ မြင်နေရတဲ့ သူ့ လူကြီးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကဆွဲဆောင်အား ပြင်းလွန်းလို့ မျက်စိမလွှဲချင်လောက်အောင်ပါပဲ။

"ဂုကီ...ရော့။ ထမင်းဘူးယူထား။"

"ဟုတ်။"

"ပြီးတော့....ထမင်းကို ကုန်အောင်စားနော်။ စာလည်း သေချာလိုက်လုပ် ကြားလား။"

"အင်း လူကြီး။"

                ‌ထမင်းဘူးကိုင်ထားတဲ့ လူကြီးရဲ့လက်ကလေး အားသွားတာနဲ့ လူကြီးက ဘောင်းဘီအိတ်ကပ်ထဲကို လက်ထည့်လို့ ဂျောင်ဂုနဲ့ မနီးမဝေးအကွာအဝေး အနောက်ဖက်နားမှ လျှောက်သည်။ လူကြီးနဲ့ အပြင်သွားတိုင်း လက်ကလေးအကိုင်ခံရတဲ့ ဂျောင်ဂုလေးက အခုလိုမျိုး ဘောင်းဘီအိတ်လောက်တောင် အရေးပေးမခံရတဲ့ အခါမှာ မျက်နှာလေးက ဆူပုပ်ချင်လာသည်။ သူ့ရဲ့ လက်တွေက ဘောင်းဘီအိတ်ကပ်တွေလောက်တောင် မနွေးလို့လားဆိုတဲ့ ရူးရူးနှမ်းနှမ်း အတွေးလေးကိုလည်း တွေးသေးတာ။

"ဂုကီ...။"

"ဟုတ် လူကြီး။"

"အတန်းထဲရောက်ရင် သုံးခုံမြောက်မှာ ထိုင်နေတဲ့ ကျောင်းသား ယူဂျောင်ဘေးမှာ ဝင်ထိုင်။ ကိုယ်က လေးချိန်မြောက်မှ ဂုကီတို့ အတန်းထဲဝင်ရမှာဆိုတော့ နေရာမရ‌ပဲ နေလိမ့်မယ်။"

"လူကြီး...ကျောင်းသား ယူဂျောင်ဆိုတာ ကင်မ်ယူဂျောင်ကို ပြောတာလားဟင်။"

"ဂုကီက သိလို့လား။"

"သိတာပေါ့။ အရင်က ဂုကီက ဒီကျောင်းကပဲလေ။ သူနဲ့ နည်းနည်းရင်းနှီးတယ်။"

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now