Ep-4(Uni+Zaw)

4.5K 364 24
                                    

Zawgyi

          
                     မနက်စောစော အချိန်တစ်ခုမှာ အခန်းတံခါးတွေရော၊ ပြတင်းပေါက်တွေပါ ပိတ်လို့ ထားတဲ့ ခပ်မှောင်မှောင် အိပ်ခန်းငယ်တစ်ခုဟာ နေရောင်ခြည်ဝင်ဖို့ သိပ်ကို ခက်ခဲပါသည်။ သို့ပေမဲ့ ထယ်ယောင်းလို အိပ်ယာမှ စောစောထတတ်တဲ့ အကျင့်ရှိသူ တစ်ယောက်အတွက်ကတော့ နိုးထရန်အတွက် နေရောင်ခြည်လည်း မလိုသလို၊ နှိုးစက်တို့လည်း မလိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။

                  ထယ်ယောင်း ကုတင်ခေါင်းရင်းတိုင်ကို မှီကာ ဘေးဘက်ရပ်ဝန်းငယ်ဆီသို့ အကြည့်ပို့မိတော့ ခြေကားယား၊ လက်ကားယားနှင့် အိပ်နေသည့် ဂျောင်ဂုလေးဟာ သူ့နှလုံးခုန်သံတို့ကို မြန်စေ၏။ ညက ရင်ခွင်ထဲတိုးလို့ ခပ်တင်းတင်းဖက်အိပ်တဲ့ ပေါက်စလေးဟာ မနက်မိုးလင်းသည့်အခါမှာတော့ ကုတင်စွန်းမှာ ခြေပစ်၊ လက်ပစ်ကို အိပ်လို့။

"ဟား....အိပ်ပုတ်လေး။"

                 အသံထွက်သည်အထိ ခပ်ပြုံးပြုံးရယ်လိုက်ရင်း လုပ်နေကြ အလုပ်တစ်ခုဖြစ်သည့် ရေချိုး၊ ခေါင်းလျှော်ခြင်း အမှုကိုသာ ပြုလိုက်သည်။ ရေချိုးခန်းအတွင်းရောက်တော့လည်း ဘေစင်ရှေ့ ရှိ မှန်တွင် သွားပွတ်တံ တန်းလန်းနှင့် ပေါ်နေသည့်မျက်နှာမှာ စပ်ဖြဲဖြဲရယ်မို့ သိက္ခာတွေကို အမြန်သာ ပြန်ဆယ်လိုက်ရ၏။
ထို့နောက် မျက်လုံးကို မှိတ်လိုက်တော့ ပေါ်လာပြန်သည့် ခြေကားယား၊ လက်ကားယား၊ နှုတ်ခမ်းထော်ထော်နှင့် မျက်နှာငယ်။ စကားမစပ် ဒီကောင်လေးသူ့ကိုများ ပြုစားထားလေသလား။

                  အချိန်တော်တော်ကြာနေပြီ ဖြစ်သောကြောင့် ရေသုတ်ဝတ် တစ်ထည်ကို ခါးမှာပတ်ကာ၊ တစ်ထည်ကို အပေါ်ပိုင်းကို ခြုံလိုက်ပြီး ရေချိုးခန်းအတွင်းမှ ထွက်လာလိုက်တော့သည်။ အပြင်ရောက်တော့ အဝတ်အစား တစ်ချို့လဲကာ ကုတင်ဆီ လှည့်ကြည့်မိတော့ ပထမ အိပ်နေသည့် ပုံစံနှင့် ကွဲလွဲစွာပင် ဖက်လုံး‌လေးကို ခွလို့ 'တခူးခူး'အိပ်နေသည့် ပေါက်စလေး။ ထယ်ယောင်း သိသလောက်ကတော့ သူရေချိုးခန်းအတွင်းဝင်သွားသည်မှာ အနည်းဆုံး တစ်နာရီလောက် ရှိပြီဖြစ်သည်။ ဒီကောင်လေး တော်တော် အိပ်နိုင်တာပဲ။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now