Ep-7(Uni+Zaw)

4.2K 332 42
                                    

Zawgyi

               ထယ်ယောင်း နံနက်စောစောထလို့ ပေါက်စလေးအတွက် ထမင်းဘူးရယ်၊ နံနက်စာရယ် ပြင်ဆင်ပေးဖို့ လုပ်နေရသည်။ ထမင်း၊ဟင်း တစ်ခါမှ မချက်ဖူးတဲ့အပြင် မီးဖိုချောင်နှင့် အလှမ်းဝေးလွန်းလှတဲ့ သူ့အဖို့ အခုလိုမျိုး ပြင်ဆင်ရမယ်ဆိုတော့ စိတ်လှုပ်ရှားမိပြန်သည်။ သို့ပေမဲ့လည်း သူမှမလုပ်ပေးရင် 'ဒီကလေး နေ့ လည်စာကို ဖြစ်သလိုစားရလိမ့်မယ်'ဆိုတဲ့ အတွေးကဝင်လာတာကြောင့် စိတ်ကိုဆုံးဖြတ်ချက်ချကာ အေပရွန်ကိုသာ ဝတ်လိုက်‌တော့သည်။

                မနက်စောစောစီးစီး မီးဖိုချောင်အတွင်းမှာ ထယ်ယောင်းတစ်ယောက်တည်း ဟိုဖက်ပြေးလိုက်၊ သည်ဖက်ပြေးလိုက်နှင့် အတော်လေးကို အလုပ်ရှုပ်နေ၏။ ညက ဝယ်လာတဲ့ ဝက်သားအစိမ်းကို ဘုံပိုင်ပေါက်ခေါင်းမှာ ရေဆေးလို့ ကြော်ဖို့ပြင်တဲ့ အခါမှာလည်း ဆီပူအိုးထဲ ရေပါသွားလို့ပဲလားမသိ 'တဖောင်းဖောင်း'နဲ့ အဆက်မပြတ်ကို ပေါက်ကွဲနေတာကြောင့် ဘယ်ကိုထွက်ပြေးလို့ ပြေးရမှန်းမသိလည်း ဖြစ်ရပါသေးသည်။

                   ဒုက္ခပေါင်းစုံနှင့် ကြော်ခဲ့ရသည့် ဝက်သားကျက်သွားတဲ့အခါ ပန်းကန်ထဲကို ထည့်ဖို့ ပြင်ရသည်။ လူကပဲ အသုံးမကျလွန်းတာလား၊ ဘာလဲတော့ ထယ်ယောင်း တစ်ကယ်ကို
မသိတော့ဘူး။ ဝက်သားကြော်ကို လှမ်းခပ်လိုက်တဲ့ ဇွန်းရှည်က စားပွဲခုံ အစွန်လေးနားတွင် တင်ထားသည့် ကြွေပန်းကန်ဖြူကို တိုက်မိတာကြောင့် သုံးစိတ်လောက်ကို ကွဲသွား၏။ စိတ်ရှုပ်ရှုပ်နဲ့ပဲ အကွဲစတွေကို ကောက်သိမ်းလို့ အိပ်ပျော်နေသည့် ကောင်လေးကို နှိုးဖို့ လာရပြန်ပါသည်။

                လှေကား‌တွေကို မတက်ခင် ဧည့်ခန်းအတွင်း၌ ချိတ်ထားသော တိုင်ကပ်နာရီကို လှမ်းကြည့်မိတော့ ခုနှစ်နာရီ စွန်းစွန်းပြ‌နေသည့် လက်တံတို့ကြောင့် အလျင်အမြန်ပင် အိမ်ပေါ်ထပ်က ပေါက်စဆီသို့ ပြေးရသေးသည်။ ကျောင်းက ရှစ်နာရီခွဲတက်မှာကို အခုအချိန်ထိ မထသေးတဲ့ ကောင်လေး‌ကြောင့် ထယ်ယောင်း အတော်လေးကို စိတ်တိုနေပြီ ဖြစ်သည်။ ‌ကာယကံရှင် ကိုယ်တိုင်က ဝီရိယမထားပဲ ဒီလောက်ထိအိပ်နေတာကတော့ လုံးဝကို မဖြစ်သင့်ဘူး။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now