Ep-1(Uni+Zaw)

9K 470 65
                                    

Zawgyi

ဆိုးလ်မြို့၊ဂန်းနမ်ရပ်ကွက်ဟု ဆိုပါလျှင် မသိသည့်သူ မရှိသလောက်ကို ရှား၏။ ကိုရီးယားနိုင်ငံသို့ အလည်အပတ်သဘောသာ လာသည့်သူ ဖြစ်ပါလျှင်တောင် ငွေရှိန်ပြင်းသော ထိုနေရာအား အကြမ်းဖျင်းလောက်တော့ နားလည်ကြ၏။

ရဲဌာန၏ စခန်းမှူးများ၊ ကုမ္မဏီပိုင်ရှင် သူဌေးကြီးများ၊လွှတ်တော်အမတ်လောင်းများ အစရှိသည့်ဖြင့် ငွေဂုဏ်ပိုင် ဒိတ်ဒိတ်ကြဲများသာ နေနိုင်သည့် နေရာတစ်ခုဟု ဆိုလျှင်လည်း လုံးဝမမှားပေ။ အိမ်များကိုလည်း သူ့ထက်ငါ ဆောက်ကြကာ ပြိုင်ဆိုင်ကြသည်။ အခမ်းအနား၊ ပွဲလမ်းသဘင် အစရှိသည်တို့ ရှိလျှင်လည်း အဝတ်အစား၊ အစားအသောက်၊ လက်ဝတ်ရတနာ အဆုံးစွန်ထိ ပြောရလျှင် ဘယ်ကလပ်ရှိ မိန်းကလေးကို အသုံးတော်ခံစေခဲ့ပါသည် ဟူ၍အထိပင် အပြိုင်အဆိုင် နေထိုင်ကြသည်။

ထိုသူတို့မှ မွေးဖွားလာသည့် သား၊သမီးတို့ သည်လည်း ယင်းတို့၏ ခြေရာအတိုင်း တစ်သွေးမတိမ်းလျှောက်လှမ်းကြသည်။ ရှင်းရှင်းပြောရလျှင်တော့ ရှေ့နွားသွားသည့်အတိုင်း နောက်နွားလိုက်သည် ဟုဆိုရမည်လား။

တီ...တီ!!

"မေမေရေ....အေ့...မေမေရေ။"

အိမ်ရှေ့ ခြံဝန်းအတွင်းမှ တတီတီ မြည်နေသော ကားသံနှင့်အတူ သားဖြစ်သူ၏ ပြဲလန်နေအောင် အော်ခေါ်သံသည် ညဆယ့်နှစ်နာရီ ကျော်ကျော် လူခြေတိတ်ချိန်တွင်တော့ တကယ့်ကို အကျည်းတန်လွန်းလှပါသည်။

"ယောက်ျားရယ် ရှင်အသာနေစမ်းပါ။
ကျွန်မသွားပါ့မယ်။"

"မေမေရေလို့...ဝေါ့...အော့။"

"လာပြီ သားငယ်ရေ။"

တကယ်ပါ။ ထိန်းကျောင်းရခက်သည့် သားသမီးမျိုးရှိသည့် မိဘများမှာ တကယ်ပင် သနားစရာ ကောင်းလွန်းသည်။ ကိုယ့်ဝမ်းနဲ့ လွယ်မွေးထားရတဲ့ သားသမီးကို စွန့်ပစ်ဖို့ရန်လည်း မလုပ်ရက်၊ ထိန်းသိမ်းလို့ကလည်းမရတော့ အတွေးကျပ်ကြမှာတော့ အမှန်ပင် ဖြစ်သည်။

*ဖြန်း*

"အာ့....ဘာလို့ရိုက်တာလဲ။ သားလက်မောင်းလေး ပုပ်သွားဦးမယ်။"

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now