Ep-18(uni+zaw)

3.6K 319 51
                                    

Zawgyi

               မနက်ပိုင်း ကျောင်းသွားခါနီး အချိန်လေးတွင် အိမ်အပေါ်ထပ်၌ ကိုကိုအဝတ်အစားလဲနေတုန်း ဂျောင်ဂုလေးက အိမ်အောက်ထပ်က ဆိုဖာပေါ်မှာထိုင်ကာ ဒီနေ့ကျောင်းပြေးမည့် အစီအစဉ်ကို ကြို‌တွေးလို့စိတ်လှုပ်ရှား နေမိသည်။

                တကယ်ဆိုရင် ကျောင်းပြေးတာသာ ကိုကိုသိရင် သေချာပေါက် စိတ်ဆိုးမှာဖြစ်လို့ ဂျောင်ဂုက သူ့သူငယ်ချင်းလေးတွေ ဖြစ်သည့် ယူဂျောင်နှင့်မင်းဂုတို့နဲ့အတူ လူဆိုး၊ လူမိုက်အလုပ်ကို မလုပ်ဖို့ ဆုံးဖြတ်ထားပါသည်။

           သို့ပေမဲ့ နမ့်ဆန်းတာဝါဘေး၌ အသစ်ဖွင့်ထားသည့် ထိုနှစ်ဆယ့်လေးနာရီကလပ်ဟာ စိတ်ဝင်စားဖို့ ကောင်းသည်ကတစ်ကြောင်း၊ လူကြီးဒီနေ့ ဂျပန်သွားမည့် သူ့မိဘတွေအတွက် ပတ်စ်ပို့ရုံးတွင် ပတ်စ်ပို့သွားလုပ်ပေးရမည် ဖြစ်သည်ကတစ်ကြောင်း စသောစသော အကြောင်းအမျိုးမျိုးတို့ကြောင့် သူကျောင်းပြေးရန်အတွက် ဆုံးဖြတ်ချက်ခိုင်မာ သွားခြင်းပင် ဖြစ်သည်။

"ဂုကီ....သွားရအောင်လေ။"

"ဟုတ် ကိုကို။"

                  ထယ်ယောင်း အိမ်အပေါ်ထပ်က ဆင်းလာချိန်တွင် ဆိုဖာပေါ်၌ထိုင်ကာ လက်သည်းကိုက်လို့ တစ်စုံတစ်ခုကို တွေးတောဟန်ရှိနေသည့် ပေါက်စလေးကို စိတ်တိုင်းသိပ်မကျပေမဲ့ ကိစ္စသေးသေးလေးကအစ အပြစ်လိုက်မရှာချင်တာမို့ မမြင်ချင်ယောင်ဆောင်ကာသာ အိမ်ရှေ့ထွက်လိုက်၏။
အချိုးမပြေတိုင်းသာ လိုက်ပြောနေရင် သူလည်း အာညောင်းလို့ သေမှာပဲ။

"ကိုကို.... ဂုကီ နက်ခ်တိုင်ပြင်ဝတ်ပေးမယ်။"

                  ကားတံခါးဖွင့်လို့ ကျောင်းလိုက်ပို့ရန် ပြင်နေသည့် ထယ်ယောင်းလက်ကို အသာဆွဲကာ နက်ခ်တိုင်ပြင်ဝတ်ပေးချင်နေသည့် ကောင်ကလေးက သူ့မျက်နှာကို အားကိုတကြီး ကြည့်လို့နေသည်။ မဝံ့မရဲ ဖြစ်နေသည့် ပေါက်စလေးရဲ့ မျက်နှာထားကြောင့် ထယ်ယောင်းလည်း အေးအေးဆေးဆေး ပြုံးပြကာသာ ခေါင်းငြိမ့်လိုက်၏။ ဖျတ်ခနဲ ပြုံးသွားသည့် မျက်နှာဖြူနုနုလေးက အသည်းယားစရာလေးပင်။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now