Ep-6(Uni+Zaw)

4.4K 368 60
                                    

Zawgyi

             နောက်ကျောဖက်ဆီမှ တိုက်ခတ်နေသော လေစိမ်းများသည် ညဘက်ဖြစ်သောကြောင့် အချမ်းပိုရပါသည်။ အိမ်အတွင်းဖက် ဧည့်ခန်းဆီမှ မျက်နှာထား တင်းတင်းနှင့် လူကြီးကြောင့်လည်း ကျောပင်ချမ်းလာသလိုလို ခံစားမိပြန်သည်။

"ကိုယ် ဝင်လာခဲ့လို့ ပြောနေတယ်လေ။"

"ဟို ...ဟိုလေ။"

"အပြစ်လုပ်ထားပြီး အခုမှ ကြောက်ပြမနေနဲ့...ဂုကီ။ ဝင်ခဲ့ အိမ်ထဲကို။"

"ဟုတ်။"

            တံခါးကိုကပ်နေမိရာမှ လူကြီး၏ အေးစက်စက်ခေါ်သံကြောင့် အယောင်ယောင်၊ အမှားမှားနှင့်ပင် အိမ်တွင်းသို့ ဝင်သွားလိုက်၏။ လူကြီးက ကြောက်ဖို့ကောင်းလိုက်တာ။

"လူကြီး...ဟိုလေ..သူငယ်ချင်းနဲ့ ခဏလေး သွားတွေ့ တာပါ။"

"ကိုယ်ဘာပြောထားလဲ။"

             ဂျောင်ဂုလေးရဲ့ လူကြီးက ပြောနေတဲ့ စကားတွေကို မသိကျိုးကျွန်ပြုကာပင် သူမေးချင်တာတွေ မေးနေတော့သည်။ တကယ်ပါ ဒီလိုအခြေအနေမျိုးက ကြောက်ဖို့ကောင်းလွန်းလို့ ဒူးတွေတောင် ခွေကျချင်လာသည်။

"ဟို...မနက်ဖန် ကျောင်းတက်ရမှာမို့လို့ အပြင်မသွားနဲ့လို့ ပြောထားပါတယ်။"

"သိရက်သားနဲ့ ဂုကီက ဘာလို့ ဒီလိုလုပ်ရတာလဲ...ဟင်။"

"......"

"ကိုယ် နေ့လည်က ဘာပြောလဲ။"

"တောင်းပန်ပါတယ်။"

"ကိုယ် မေးတာအရင်ဖြေလေ။ ‌အပြစ်ဆိုတာက တောင်းပန်ရုံနဲ့ မကျေဘူး သိရဲ့လား။"

"ဟုတ် သိပါတယ်။"

"ပြောပါဦး။ အခု ဘယ်က ပြန်လာတာလဲ။"

"ဘား...ဘားကပါ။ ဒါပေမဲ့လေ လူကြီး။ ဘားကို သွားတယ် ဆိုပေမဲ့လေ သူငယ်ချင်းနဲ့ တွေ့ ရုံတင်ပါ။ ဂုကီ နည်းနည်းလေးတောင် သောက်မလာပါဘူး။"

             ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေသည့် လူကြီးက ဘေးတွင်ရပ်နေသော ဂုကီကို အပြစ်သားစစ်သလို တစ်ခုပြီးတစ်ခု အဆက်မပြတ်ကို မေးနေတော့သည်။ အပြစ်တွေ အများကြီးလုပ်ထားတဲ့ ဂျောင်ဂုလေးကလည်း အပြစ်တွေ ကျေလိုကျေငြား ဟုတ်တာတွေရော၊ မဟုတ်တာတွေပါရောကာ သူ့လူကြီးကို ရှင်းပြလို့ နေပြန်သည်။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now