Ep-35(Uni+Zaw)

4.2K 298 46
                                    

Zawgyi

လေးပင်နေသည့်မျက်လုံးတို့ကို အားယူကာဖွင့်ရင်း ပါးပြင်တလျှောက်ဟိုဟိုဒီဒီ ကုတ်ခြစ်ကာအိပ်ယာထက်တွင် သူထထိုင်လိုက်မိသည်။ အခန်းထဲတွင်ဖွင့်ထားသည့် ညအိပ်မီးအိမ်၏အလင်းရောင် ဖျော့တော့တော့ကြားတွင် မြင်နေရသည့်တိုင်ကပ်နာရီဆီသို့ အားယူကာကြည့်လိုက်မိချိန်တွင် သုံးနာရီတိတိသို့ ညွှန်ပြနေသည့်နာရီလက်တံကြောင့် ဂျောင်ဂုလေး၏စိတ်ထဲတွင် ဝမ်းနည်းသွားရသည်။ ကိုကိုသည်သူနှင့်အတူ လာမအိပ်ပေ။

ရီဝေဝေဖြစ်နေသည့် အသိစိတ်အတွင်းမှသည်ပင် ငိုချင်သလိုလိုဖြစ်လာရာ ခေါင်းအုံးကိုပိုက်၍ ကုတင်ပေါ်မှသူလှုပ်လီလှုပ်လဲ့နှင့် ဆင်းလိုက်မိသည်။ ထို့နောက်တွင်မူ...အိပ်ခန်းတံခါးကို အသာတွန်းဖွင့်ရင်း မှောင်မဲနေသည့်အခြေအနေကို ကျော်ဖြတ်လျက်လှေကားထစ်များအား သူတစ်ထစ်ချင်းဆင်းလိုက်သည်။ လှေကားနှင့်ဘေးကပ်ရပ်ရှိသည့် အခန်းရှေ့သို့ရောက်သောအခါ ရာသီဥတုကြောင့်အေးစက်စက်ဖြစ်နေသည့် တံခါးလက်ကိုင်ကိုဆွဲလှည့်လိုက်၏။ သို့သော်...ပွင့်မလာသည့်တံခါးကြောင့် ဂျောင်ဂုလေးကနှုတ်ခမ်းကို သိသိသာသာစူလိုက်မိသည်။ ကိုကိုလူဆိုးကြီးက တံခါးကိုပါလော့ခ်ချထားသည်ပဲ။

*ဒေါက် ဒေါက်*

မျက်ခွံများသည်‌လေးလံထိုင်းမှိုင်းနေသော်လည်း နားထဲတွင်အဆက်မပြတ်ကြားနေရသည့် တဒေါက်ဒေါက်အသံကြောင့် မျက်လုံးကိုသူဖြည်းဖြည်းချင်းဖွင့်ကြည့်မိသည်။ မှောင်ရိပ်သန်းနေသည့် အိပ်ခန်းအတွင်း၌ အရာအားလုံးသည်တည်ငြိမ် တိတ်ဆိတ်နေသော်လည်း အခန်းအပြင်ဘက်မှ တဒေါက်ဒေါက်အသံသည်မူ ရပ်တန့်သွားခြင်းမရှိပါပေ။ ထို့ကြောင့်...ဦးခေါင်းထက်မှဆံပင်ရှုပ်ရှုပ်များကို တစ်ချက်ဆွဲဖွရင်းလော့ခ်ချထားသော အခန်းတံခါးကိုထယ်ယောင်း ဆွဲဖွင့်လိုက်၏။

"ဂုကီ!"

တံခါးပွင့်သွားသည်နှင့်တပြိုင်နက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထယ်ယောင်းအံ့ဩသွားရသည်။ ခေါင်းအုံးလေးကိုဖက်ရင်း တောင့်တောင့်ကလေးရပ်နေသည့် ထယ်ယောင်း၏ပေါက်စလေးသည် မတ်တပ်ကြီးအိပ်ငိုက်နေလေသည်။ ထို့ကြောင့်...လက်ကလေးကိုဆွဲရင်း အခန်းထဲသို့ဝင်စေရန် သူပြုမူမိတော့ဖောင်းတုတ်ကလေးသည် ခေါင်းအုံးကြီးကိုဖက်ထားသည့်အတိုင်း ကုတင်ပေါ်သို့လေးဘက်ထောက်ကာ တလှုပ်လှုပ်နဲ့တက်သွား၏။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now