Ep-2(Uni+Zaw)

4.7K 407 64
                                    

      Zawgyi
             
         လမ်းမ တစ်လျှောက်လုံး နွေဦးလေချိုချိုလေးတွေက တလွင့်လွင့် တိုက်ခတ်နေသည်။ လူတွေဟာလည်း သူတို့ရဲ့ ပုံမှန်အလုပ်အကိုင်တွေအတွက် ပြေးလွှားကာ ဆောင်ရွက်နေကြသည်။ သို့ပေမဲ့ ဂျောင်ဂုလေး တစ်ယောက်ကတော့ သူနဲ့ဝင်တိုက်မိတဲ့ ဆွယ်တာအနီ၊ ဆံပင်ကောက်ကောက်နဲ့ လူကြီးအကြောင်းကို အခုထက်ထိ လမ်းမပေါ်မှာ ငိုင်ငိုင်လေး စဉ်းစားနေဆဲပင် ဖြစ်သည်။ စဉ်းစားနေရင်းနှင့်ပင် နှလုံးသားလေးဟာလည်း တသိမ့်သိမ့်ခုန်နေပါသေးသည်။ လူတွေက ပြောကြသည်။ ဆယ်ကျော်သက် အရွယ်လေးတွေက အချစ်နဲ့ ပက်သက်ရင် စိတ်ကစားတတ်ကြသည်တဲ့လေ။ ဒါပေမဲ့ ဂျောင်ဂုလေးကတော့ ဆွယ်တာအနီနဲ့ လူကြီးကို
ို ခဏတာတွေ့ ရရုံနှင့်ပင် တစ်ဘဝစာ အတွက် ချစ်မိသွားတာ
သေချာနေပြီ။ နောက်တစ်ခါများ ထပ်တွေ့ လို့ကတော့ ဂျောင်ဂုလေးက လူကြီးကို သူ့ဘက်ပါလာအောင် လုပ်တော့မှာ။

"အာ.....ငါတော့ သေတော့မှာပဲ။ ဖေဖေ ခေါ်ထားတာကို နောက်‌ကျနေပြီ။"

                      အဖေဖြစ်သူက အကြောင်းကိစ္စရှိလို့ ခေါ်ထားသည်ကို မေ့နေသည့် ကောင်လေးက ကုမ္ပဏီ အတွင်းသို့ ကပြာကယာကို ပြေးဝင်ရပါသည်။ နောက်ကျနေလျှင် ဖေဖေဒေါသထွက်မည်ကို စိုးရိမ်ရ‌သောကြောင့်ပင် ဖြစ်သည်။

"ဘာလုပ်တာလဲ။ သူဌေးနဲ့ တွေ့ ဖို့ကြိုချိန်းထားလို့လား။"

"အဒေါ်ကြီးက ဘာမို့လို့လဲ။ အတွင်းရေးမှူးက ကိုယ့်နေရာကို နေစမ်းပါ။"

"ဘာ! လက်တောင့်လောက်လေးကများ ငါ့ကို မခန့်လေးစားနဲ့။"

"ဘာ လက်တောင့်လောက်လဲ အဒေါ်ကြီးရဲ့ ။ပြလိုက်လို့  လန့်ဖျားသွားမယ်...ဟွန့်။"

"မမိုက်ရိုင်းနဲ့ ကောင်စုတ်လေးရဲ့။"

"ကျွန်တော်က ရိုးရိုးသားသားပြောတာ။ အဒေါ်ကြီးကသာ ပေါက်ကရတွေ တွေးနေပြီးတော့။"

"ကောင်စုတ်လေး တော်တော် တရားလွန်နေပြီနော်။ ဒီရုပ်၊ ဒီရည်ကိုများ အဒေါ်ကြီးတဲ့ ငါလုပ်လိုက်ရ။"

"လာပါ ခင်ဗျားကြီးပဲ လက်ပါတာ မဟုတ်ဘူး။ ကျုပ်မှာလဲ လက်ပါတယ်...လာစမ်းပါ။"

Obedience : Flawless Love{Rest_ Coming Soon}Wo Geschichten leben. Entdecke jetzt