Zawgyi
ဘူဆန်ဆိုတဲ့မြို့လေးရဲ့ ဘုရားကျောင်းငယ်လေး တစ်ခုအတွင်းမှာ လက်ထပ်ပွဲအသေးစားလေး တစ်ခုကျင်းပနေကြသည်။ နှစ်ဖက်အသိုင်းအဝိုင်းက မိသားစုတွေရယ်၊ ရင်းနှီးတဲ့သူ အနည်းအကျင်းလောက်သာ ကျင်းပတဲ့ ထိုလက်ထပ်ပွဲလေးဟာ သာမန်ထက်တော့ တိတ်ဆိတ်နေတာ အမှန်ပါပဲ။
အဖြူရောင်နှင့် အဝါနုနု ရောစပ်ထားတဲ့ အခန်းအပြင်အဆင် တစ်ခုအပြင်၊ ကျူးလစ်ပန်း နီနီတို့ဟာလည်း အခန်းတစ်ခုလုံးကို လှပနေအောင် ထောက်ပံ့လို့ ပေးနေပါသည်။ တယောသံ လွင်လွင်လေးမှာတော့ ဘုရားကျောင်းလေးအနား ဖြတ်ကာ လျှောက်လာသူတိုင်းကို စိတ်ကြည်နူးစေမှာ ဖြစ်သည်။
ဘုရားကျောင်းငယ်ရဲ့ အဝင်ဝမှာ မျက်နှာချောချောနှင့် သတို့သားဖြစ်သူရယ်၊ သူ့ရဲ့ အမေဖြစ်သူရယ်က အနည်းငယ်သော ပွဲလာသူ လူစုတို့ကို နှုတ်ဆက်နေကြသည်။ သတို့သား ထယ်ယောင်းမှာတော့ ခပ်တင်းတင်း မျက်နှာထားနှင့်သာ ဖြစ်၏။
"ထယ်ယောင်းရယ်....လက်ထပ်ပွဲက ဖြစ်နေပြီပဲလေ။ မျက်နှာကြီးကို တင်းမထားပါနဲ့။"
"ဒါက ပုံမှန် မျက်နှာပဲလေ အမေရာ။ အမေမွေးထားကတည်းက ဒီရုပ်ပဲ။"
"ဟုတ်ပါပြီ။ ဂျောင်ဂုလေးကို သွားတွေ့ လိုက်ပါဦး။ အမေပဲ ဆက်ပြီးတော့ ဧည့်ခံထားမယ်လေ။"
"အင်းပါ။"
"ဟင်းးးး။"
ထယ်ယောင်း အမေလည်း သက်ပြင်းခပ်ဖွဖွသာ ချမိလိုက်တော့သည်။ ဒီလို မျက်နှာထားတင်းတင်းနဲ့
သူ့ သားရယ်၊ ချာတိတ်အရွယ် လူဆိုးကောင်လေး ဂျောင်ဂုရယ်ရဲ့ အိမ်ထောင်ရေးက သာယာပါ့မလားပဲ။ ရင်လေးမိပါရဲ့။---------------------
"အေးပါ...မင်းဂုရဲ့။ ငါနားလည်ပါတယ်။"
"......."
"နည်းနည်း....မဟုတ်ဖူး...အများကြီးကို ပျော်နေတာ။ ဟီး။"
"......"
"ပြန်တွေ့ ရင်နော် လက်ဖွဲ့ပေးရမှာ....သိတယ်မလား။"
"...."
"မင်းဟာလေ....စကား အကောင်းကို မပြောဘူး။"
YOU ARE READING
Obedience : Flawless Love{Rest_ Coming Soon}
FanfictionZawgyi အပြစ်ကင်းစင်တဲ့ ချစ်ခြင်းတရားနဲ့ နာခံခြင်းကြားမှာ ညီမျြှခင်းလေးတစ်ခုပဲ ခြားနားတယ်ဆိုရင် ယုံကြည်ကြမလား...။ Unicode အပြစ်ကင်းစင်တဲ့ ချစ်ခြင်းတရားနဲ့ နာခံခြင်းကြားမှာ ညီမျြှခင်းလေးတစ်ခုပဲ ခြားနားတယ်ဆိုရင် ယုံကြည်ကြမလား...။ KIM TAEHYUNG ×JEON JUN...