Ep-9(Uni+Zaw)

4K 313 36
                                    

Zawgyi

              ပထမဆုံးကျောင်းတက်ရတဲ့ နေ့ မှာတင်ပဲ ဂျွန်ဂျောင်ဂုဆိုတဲ့ ငပျင်းလေးက စာသင်ချိန်တွေဆိုရင် ပျင်းတိပျင်းရွဲနေလို့၊ အတန်းချိန်တွေ ပြီးတဲ့အခါဆိုရင်တော့ ကျေနပ်နေတတ်ပါသည်။ အခုဆိုရင်လည်း အတန်းချိန်ငါးချိန်လောက် ပြီးတဲ့အပြင်၊ နေ့ လည်စာစားချိန်လည်း ရောက်ပြီဖြစ်တာကြောင့် ဦးနှောက်လေးလန်းလို့ စိတ်လည်းပြန်ကြည်လာပြီ ဖြစ်သည်။ ဂျောင်ဂုလေးရဲ့ စိတ်တွေလန်းနေဖို့က စာသင်ချိန် မဖြစ်ဖို့ပဲ လိုပါတယ်။

                နေ့ လည်စာစားချိန်ရောက်တာနဲ့ အတန်းထဲက ကျောင်းသားတော်တော်များများက ကျောင်းမုန့်ဈေးတန်းဖက်ကို အပြေးသွားကြပေမဲ့ ဂျောင်ဂုနဲ့ သူ့သူငယ်ချင်းလေး ယူဂျောင်ကတော့ အိမ်ကလုပ်ပေးလိုက်တဲ့ ထမင်းဘူးကို ဖွင့်လို့ အေးအေးလူလူပဲ ထမင်းစားဖို့ ပြင်ကြပါသည်။

"ယူဂျောင်ရာ...ထမင်းစားချိန်လေးတော့ မင်းစာအုပ်ကြီး ချထားစမ်းပါ။"

"ဟာ မင်းကလည်း။ ထမင်းစားရင်းလည်း စာကျက်လို့ ရတာပဲကို။"

"စာကျက်မဲ့အစား ငါနဲ့ စကားပြောရအောင်လေ...နော်။"

"အိမ်ရောက်လို့ ဆရာမလာရင် ငါစာမရပဲ နေလိမ့်မယ် ဂျောင်ဂုရ။ မဂျစ်စမ်းပါနဲ့ကွာ။"

"တော်ပြီ...စာဂျပိုးကောင်ရဲ့။ ငါ့ဘာသာငါပဲ စားတော့မယ်။"

"အင်း။"

"ဟွန့်!"

            လူတွေကြားထဲမှာဆိုရင် အပေါင်းအသင်းကို ခုံမင်တတ်တဲ့ ဂျောင်ဂုလေးက အခုလိုမျိုး သူသိပ်ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ဆိုရင်လည်း နှုတ်ခမ်းလေးဆူလို့ ချွဲတတ်ပါသေးသည်။

             အခုလည်း နေ့ လည်စာစားချိန်မှာ ထမင်းစားရင်းနဲ့ တွတ်ထိုးလို့ စကားပြောချင်နေတဲ့ ဂျောင်ဂုလေးက သူ့သူငယ်ချင်းလေးကို အဖော်ဆက်နေ ပြန်ပါသည်။ ဒါပေမဲ့ စာကိုကြိုးစားတဲ့ ယူဂျောင်ကတော့ သာလိကာလေး ဂျောင်ဂုအစား၊ သူ့ရဲ့ ကျောင်းစာအုပ်လေးကိုပဲ ရွေးတဲ့အခါမှာ မျက်နှာမသာမယာနဲ့ ဂျောင်ဂုက နှာတစ်ချက်မှုတ်လို့ လူကြီးကိုယ်တိုင်လုပ်ပေးလိုက်တဲ့ ထမင်းဘူးလေးကို ဖွင့်စားဖို့ ပြင်သည်။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now