Part-1 (Uni)

11.3K 272 2
                                    

"ဒီငဗစ်ကြီးကတော့ကွာ ...ဘယ်အချိန်ထိဆက်ရှိနေအုန်းမှာလဲမသိဘူး...။

လူတွေကို စိတ်ပင်ပန်းအောင်လုပ်တဲ့ငဗစ်...အစုတ်ပလုတ်ငဗစ်....

ဟွန့်...ဒီငဗစ်သာ လူဆိုလို့ကတော့ နင်ဒီလောက်ငါတို့လူသားမျိုးနွယ်တွေကိုဒုက္ခပေးရလားဆိုပြီးတော့ အကောင်လိုက်ရေနွေးဆူဆူနဲ့ပြုတ် ၊ ငရုပ်ဆုံထဲထည့်ထောင်း ၊ ဓားနဲ့နုပ်နုပ် နုပ်နုပ်စဥ်းပြီး ၊ ငရုပ် ဆီနဲ့ဖျော်ပစ်လိုက်မယ်....ဟူး....အခုကတော့...တောက်စ်... ပြောရင်း ငါတော်တော်ကိုစိတ်တိုလာပြီနော်....အားးးးးးးး"

မိဘတွေကအလုပ်သွားနေတဲ့အတွက် တစ်အိမ်လုံးမှာ ဘယ်သူမှမရှိတာမို့ ကိုယ့်အခန်းထဲမှာ တအားအားနဲ့အော်ကာ ပေါက်ကွဲနေသည့် နွေးနေခြည်။

ဘယ်သူမှမရှိဘူးဆိုပြီး စိတ်ရှိလက်ရှိ လည်ချောင်းအာခေါင်ခြစ်ကာ အသံကုန်အော်ရင်း ခေါင်းအုံးကိုထုရိုက်နေပုံပေါ်သည့် နွေးနေခြည်ရဲ့အသံကို တစ်ဖက်အိမ်မှ ပြည့်သိင်္ဂီ ကြားလိုက်ရ၏။

"ကျစ်...ဒီနေခြည်မကတော့ကွာ...ငါဒီလောက်နားကြပ်တပ်ပြီးသီချင်းနားထောင်နေတာတောင်မှ သူ့ရဲ့မိုက်မလိုတဲ့ အသံကြီးက ရှင်းရှင်းလင်းလင်းကြားနေရသေးတယ်လို့။တော်တော်ကိုအသံ ပါရမီပြည့်စုံတာဘဲ။"

ချီးမွန်းတယ်လို့ထင်ရတဲ့ စိတ်ပျက်လက်ပျက်စကားသံကြားမှာ နွေးနေခြည်ရဲ့ အော်သံနောက်တစ်ခုက ပူးတွဲကပ်ပါလာခဲ့ပြန်၏။

"...ငဗစ်စုတ်...နင့်ကိုငါသတ်ချင်တယ်....ရား..."

နွေးနေခြည်၏ "ရားးးးး"ဆိုသည့် အသံအဆုံးမှာတော့ ပြည့်သိင်္ဂီဟာ နားကြပ်တွေကိုဖြုတ်လိုက်သည်။

ထို့နောက် သူမအခန်းရဲ့ပြတင်းပေါက်အနားကိုခပ်သွက်သွက်သွားလိုက်ကာ ဘေးအိမ်မှ သူနဲ့မျက်နှာချင်းဆိုင်အခန်းကို မျက်နှာမူရင်း လှမ်းအော်ပြောလိုက်၏။

"ဟဲ့...နေခြည်မ...ကိုးဗစ်ကို နင်မသတ်နိုင်ခင် အရင်ဆုံး လည်ချောင်းကွဲပြီး သေမယ့်သူက နင်ဖြစ်နေမယ်နော်"

တစ်ဖက်အိမ်မှ နွေးနေခြည်တစ်ယောက်လည်း ပြည့်သိင်္ဂီ၏ စကားကိုကြားပြီး သူမ အခန်းပြတင်းကို ဖွင့်ကာ သုန်မှုန်နေသည့်မျက်နှာထားဖြင့်...

One and onlyWhere stories live. Discover now