Part-7(Uni)

1.5K 123 0
                                    

တက္ကသိုလ်ပထမနှစ်ပြီးတဲ့အထိ နွေးနေခြည်ဟာ တောင်ကြီးကနေ အေးသာယာအထိ ဆိုင်ကယ်စီးပြီး ကျောင်းတက်ခဲ့ပါတယ်။

ဒါပေမယ့် သားသမီးကိုစိတ်ပူတတ်တဲ့ မိဘတွေရဲ့ဗီဇအရ နွေးနေခြည်ရဲ့မိဘတွေကလည်း နွေးနေခြည်ကိုဆိုင်ကယ်နဲ့ တစ်ခုခုဖြစ်မှာစိုးရိမ်တဲ့အတွက် အေးသာယာမှာဖွင့်ထားတဲ့ အဖေ့ညီရဲ့အဆောင်မှာဘဲနေခိုင်းပါတော့တယ်။

ကျောင်းတက်နေတုန်း စနေ တနဂ်နွေပိတ်ရက်တွေမှာ ကိစ္စတစ်ခုခုရှိလို့အိမ်ပြန်လာရရင်လည်း အဖေ့ညီဖြစ်တဲ့ဦးလေးထွန်း‌‌အောင်က နွေးနေခြည်ကိုတောင်ကြီးအိမ်အထိလိုက်ပို့ပေးတတ်ပါသည်။

ဒါပေမယ့် ဒီတစ်ခေါက်တော့ ဦးလေးကို လိုက်မပို့ခိုင်းဘဲ နွေးနေခြည်ကိုယ်တိုင် မောင်းသွားဖို့အရေး ဦးလေးနဲ့ ခက်ခက်ခဲခဲ ညှိယူနေရပါတယ်။

မိဘတွေကသေချာအပ်ထားတာမို့ တူမဖြစ်သူကို အန္တရာယ်တစ်စုံတစ်ရာမဖြစ်စေချင်တဲ့ ဦးလေးရဲ့ စေတနာကို နွေးနေခြည်နားလည်ပေမယ့် ဒီတစ်ခါတော့ ဇင်ပါ အတူတူ လိုက်ခဲ့မယ်လို့ ပြောထားတဲ့အတွက် နွေးနေခြည် ခေါင်းမာစွာဖြင့် ဦးလေးကို အတင်းတောင်းဆိုနေ၏။

နောက်ဆုံးတော့လည်း အမျိုးမျိုးတောင်းဆိုနေတဲ့ နွေးနေခြည်ကို ဦးလေးဖြစ်သူလည်း မငြင်းဆန်နိုင်တော့ဘဲ ခွင့်ပြုလိုက်ရတော့၏။

"ကားကို သေချာဂရုစိုက်မောင်းနော် သမီး....အိမ်ပြန်ရောက်ရင်လည်း ဦးလေးကိုယ်တိုင် လိုက်မပို့ဖြစ်တာကို မိဘတွေကိုသေချာရှင်းပြလိုက်ဦး"

"ဟုတ်ကဲ့ပါ...ဦးလေးရဲ့...အဲ့ဒါဆို သမီးတို့သွားတော့မယ်နော်...သမီး အိမ်ရောက်ရင် ဦးလေးကို ဖုန်းဆက်လိုက်မယ်"

"ဟုတ်ပါပြီဗျာ"

အစကတော့ နွေးနေခြည်ရဲ့ဦးလေးဖြစ်သူက သူ့တူမကို တစ်ယောက်တည်းပြန်မယ်ထင်နေခဲ့ တာ တကယ်တမ်းပြန်မယ့် မနက်လည်းရောက်ရော သူ့တူမလေးရဲ့အခန်းဖော်ပါ အတူတူလိုက် မယ်ဆိုတာကိုသိရတော့ စိတ်ပူနေမှုတွေ အတန်ငယ်လျော့သွားခဲ့၏။

ဘာဘဲဖြစ်ဖြစ် တစ်ယောက်တည်းသွားတာထက်စာရင် နှစ်ယောက်သွားတာက စကားပြော ဖော်လည်းရပြီး စိတ်ချရတယ်မလား။

One and onlyWhere stories live. Discover now