Part-15(Uni)

1.4K 125 3
                                    

"နွေးနေခြည် နင်ငါ့ကို အိမ်ပြန်တာ ဘာလို့မပြောသွားတာလဲ"

"ငါနင့်ကို မက်ဆင်ဂျာကနေ ပို့ပြီးပြောထားတာဘဲကို နင်က ဘာမှပြန်မပို့မှတော့ ငါလည်း သွားလိုက်တာပေါ့။"

"နင်ပို့ထားတာလား။ ငါက စိတ်ရှုတ်လို့ မက်ဆက်ဂျာကို ခဏ အမ်အင်စတော လုပ်ထားတာ။ ကျစ်,,,နာတယ်ကွာ..ငါသာနင်တို့နဲ့အတူလိုက်ခဲ့ရင် မုန့်စားရဦးမှာသေချာတယ်"

"ဒီလောက်ထိစားပြီးတာတောင် နင်ကစားချင်သေးတာလား"

"အယ်,,,ငါက ဘယ်မှာ ဘာကိုစားလို့"

"ခရစ္စမတ်နေ့က နင့်အဆောင်ကအမတွေနဲ့ ဘုရားကျောင်းလိုက်သွားပြီး မုန့်တွေစားလာခဲ့တယ်မဟုတ်ဘူးလား။"

"ဟယ်...အဲ့တာကို နင်ဘယ်လိုသိ?"

"အမေက နင့်အတွက်လည်း မုန့်တွေထည့်ပေးလိုက်လို့ နင့်အဆောင်ကိုလာပေးတာ၊ နင်မရှိဘူး ဘယ်သွားတယ်ဆိုပြီး ပြောပြလို့လေ၊ အဲ့တာကြောင့် ငါလည်း အမေနင့်အတွက်ပေးလိုက်တဲ့ မုန့်တွေကို စားလိုက်တယ်"

"အမလေး,,,ငါ့အတွက် မုန့်တွေကိုစားရက်လိုက်တာ၊ မရဘူး၊ အဲ့မုန့်တွေက ငါ့အတွက် အန်တီထည့်ပေးလိုက်တာဆိုတော့ နင်ငါ့ကိုပြန်လျော်ပေး နေခြည်မ"

"ဆုတောင်းလေ...လာပေးတုန်းက နင်မှမရှိတာ ဘာမှပြန်မလျော်ပေးနိုင်ဘူး"

"ကပ်စေးနဲ ကော်တရာမကြီး,,,,နင်တော်တော်ကိုအမြင်ကပ်စရာကောင်းတယ်"

"နင်ကရော ဘာထူးလို့လဲ။ ရောပျော်မကြီး"

"အံမယ်,,,ငါက ဘာလို့ ‌ရောပျော်မဖြစ်ရမှာလဲ?"

"ဟုတ်တယ်လေ။ နင်က ကိုယ့်ဘာသာက ပွဲလုပ်ပြီဆိုလည်း အကုန်လိုက်စား။ သူများဘာသာက ပွဲတွေလုပ်ရင်လည်း သွားဖြဲနားဖြဲနဲ့ သွားသွားစားနေတာမလား။အဲ့တာ ရောပျော်မဟုတ်လို့ ဘာလဲ"

"ရား,,,နင့်ကိုငါ ဆွဲထိုးမိတော့မယ်နော် နေခြည်"

"ဟွန့်....ငါ နင့်ကိုမကြောက်ဘူး,,,ဆွဲထိုးရဲ ဆွဲထိုးကြည့်ပေါ့"

လက်သီးတရွယ်ရွယ်နဲ့ ပြင်ရင်း စိတ်တိုနေတဲ့ ပြည့်သိင်္ဂီ

One and onlyΌπου ζουν οι ιστορίες. Ανακάλυψε τώρα