Part-14(Uni)

1.3K 117 0
                                    

ကျောင်းစတက်ကတည်းက နှစ်ပတ်လုံးလုံး ပန်းဆီရောင်မဖလာကြီးတကားကားဖြင့် မြောက်ကြွမြောက်ကြွဖြစ်နေသည့် နွေးနေခြည်ကို ပြည့်သိင်္ဂီအမြင်ကပ်နေပါ၏။

"နင် ငါ့ကို ဘာလို့အဲ့လိုကြည့်နေတာလဲ,,ပြည့်"

"အမြင်ကပ်လို့ဟေ့,,,အမြင်ကပ်လို့ကိုကြည့်တာ"

"ငါ့ဘာသာငါအေးအေးဆေးဆေးနေတာကို ဘာလို့ နင်ကအမြင်ကပ်နေရပြန်တာလဲ"

"နင် အဲ့မာဖလာကို ဘယ်တော့မှချွတ်မယ်စိတ်ကူးထားလဲ,,,သူငယ်ချင်း"

"ဒါက ဇင်ပေးထားတဲ့ မာဖလာဖြစ်လို့ ချွတ်ဖို့စိတ်ကူးမရှိဘူး။ အိုခေ"

"အပိုတွေပြောပြန်ပြီ။အဲ့ဒါဆိုနင်က ရေချိုးလည်း ဒီမာဖလာကြီးပတ်ပြီး ရေချိုးမလို့လား"

"အဲ့ဒါကတော့ အဲ့ဒါလေ။ပြီးတေ့ာ မဖြစ်မနေချွတ်ရမယ့် အချိန်ရောက်မှ ချွတ်မှာပေါ့ဟဲ့၊ဘာလို့ နင်က အတင်းချွတ်စေချင်နေရတာလဲ"

"ဟာ,,,ငါက အတင်းချွတ်စေချင်နေတာမဟုတ်ပါဘူး။ နင်က ဒီမာဖလာကိုပတ်ထားပြီးရင် ပြီတီတီမျက်နှာထားကြီးနဲ့ အမြင်ကပ်စရာကောင်းလွန်းလို့ မေးနေတာ,,,"

"ဟိုး.ဟိုး..မှားနေပြီ သူငယ်ချင်း....ဒါကို ပြီတီတီမျက်နှာထားလို့မခေါ်ဘူး။ အချစ်တွေနဲ့ လွမ်းခြုံခံထားရလို့ ကျေနပ်ဂုဏ်ယူနေတဲ့မျက်နှာထားလို့ခေါ်တယ်။ ဟုတ်ပြီလား"

"ဘာကို ဟုတ်ပြီလားလဲ။ ငါ့ကိုများ လာပြီးတော့,,,,ဆရာကြီးလာလုပ်နေပြန်ပြီ။ ဒီမှာ နင်သိထားရမှာက ငါက နင့်ထက်ရည်းစားသုံးယောက်လောက်ထားဖူးတယ်ဆိုတာ သတိရဦး ဖရန့်"

"ဟားဟားဟား,,,အမလေး ရယ်တောင် မရယ်ချင်ဘူး"

"ဟဲ့,,,ဘာကိုမရယ်ချင်ဘူးပြောနေပြန်တာလဲ။ နင်အခုဘဲ ရယ်လိုက်တယ်မလား"

"အေး,,နင့်စကားက ဟာသဆန်လွန်းတော့ ငါမအောင့်နိုင်တော့လို့။
ဒီမှာ ဖရန့်...ယူ က ရည်းစားလေးသုံးယောက်ထားခဲ့ဖူးတာနဲ့ ဆရာကြီးဖြစ်ပြီလို့ထင်နေတာလား။ဟဟ ဆောရီးပါ။
ကိုယ်တွေက အဲ့လိုမျိုး ပေါပေါလောလော ရည်းစားထားရတာကိုစိတ်မ၀င်စားဘူး အိုခေ။ အချစ်ဆိုတာကို ဘာလဲနားလည်ပြီး တစ်ယောက်နဲ့ တစ်ယောက် တကယ်မြတ်မြတ်နိုးနိုး တန်ဖိုးထားကြတဲ့သူကမှ ဆရာကြီးတွေဆိုတာ နားလည်ထား ဖရန့်။ အဟမ့်,,,ဥပမာပေးရ မယ်ဆိုရင် ယူက ဒီလိုလက်ဆောင်မျိုးကို ယူ့ရဲ့ ရည်းစားသုံးယောက်ဆီက ရဖူးလား။ အိုး,,,အိုင်ပြောချင်တာက သူများလုပ်ထားတာကို ဆိုင်ကနေ အလွယ်တကူ၀ယ်ပြီး ချစ်အတွက်ပါ ဘာညာကွိကွဆိုပြီး လျှာရိုးမရှိ လျှောက်ပြောနေတဲ့သူတွေရဲ့ လက်ဆောင်ကိုမဟုတ်ဘူးနော်။ ကိုယ့်အတွက်ဆိုပြီး အချိန်ပေးအပင်ပန်းခံရင်းကိုယ်တိုင် လုပ်ပြီးပေးတဲ့ ရင်ထဲကလာတဲ့လက်ဆောင်ပစ္စည်းတွေကိုပြောတာနော်။ အိုင်ပြောတာကို ယူနားရောလည်ရဲ့လား။အဟင်း..နားလည်မှာလည်းမဟုတ်ပါဘူး "

One and onlyWhere stories live. Discover now