Part-20(Uni)

1.4K 112 2
                                    

"ဇင်...ငါနေကောင်းသွားပြီဆိုတော့ ငါမေးထားတာတွေပြန်ဖြေပေးဦးလေ"

အခုမှ ကိုယ်ပူကျပြီးနေကောင်းကာစဖြစ်လာတဲ့နွေးက စိတ်မရှည်တော့သလို ကျွန်မကိုပြောလာပါသည်။

တကယ်တော့ နွေးမေးထားတဲ့မေးခွန်းတွေရဲ့အဖြေကို ကျွန်မပေးချင်ရင်ပေးလို့ရပေမယ့် ကျွန်မမှာ နောက်ဆံမတင်းနိုင်တဲ့ကိစ္စရပ်တွေလည်း ရှိသေးတယ်လေ။

ဒါတွေကို အခုချိန်မှာ နွေး နားမလည်နိုင်သေးပေမယ့် တစ်ချိန်ချိန်မှာတော့ ကျွန်မကိုယ်တိုင်ရှင်းပြဖို့ ဆုံးဖြတ်လိုက်ရင်း နွေးကို နှစ်သိမ့်မိသည်။

"နွေးရယ်,,,ငါတို့က ကျောင်းလည်းပြီးသေးတာမဟုတ်ဘူး။မတွေ့ရမယ့်သူတွေလည်း မဟုတ်ဘူးမလား?အဲ့တာကြောင့် အရမ်းကြီးတော့ မလောသင့်ဘူးလေ"

"ဘာလဲ?ဇင်က ငါ့ကိုငြင်းဖို့ဆုံးဖြတ်ထားလို့လား"

"အဲ့လိုလည်းမဟုတ်ပါဘူး"

"အဲ့လိုမဟုတ်ဘူးဆိုလည်း ချစ်ရင်ချစ်တယ် မချစ်ရင်မချစ်ဘူး,,,ရှင်းရှင်းလင်းလင်းပြောလိုက်ပေါ့"

"နွေးပြောသလို ရှင်းရှင်းလင်းလင်းပြောချင်ပေမယ့် ငါ့မှာက ပြောလို့မရနိုင်သေးတဲ့ အခြေအနေ တွေရှိနေလို့ပါ"

"ဟူးစ်,,,ဇင်ကတော့လေ တကယ်ကိုလျှို့၀ှက်ဆန်းကြယ်လွန်းတဲ့မိန်းကလေးဘဲ၊အင်းပေါ့လေ အဲ့လိုမိန်းကလေးကိုမှ ဒီကနွေးနေခြည်ကချစ်ခဲ့မိတာဆိုတော့လည်း နားလည်ပေးရမှာပေါ့"

တစ်နှစ်ကျော်ကျော်နှစ်နှစ်နီးပါးလောက် ဇင့်အပေါ် တစ်ဖက်သက်ချစ်နေခဲ့တဲ့အကြောင်းတွေကို ဖွင့်ထုတ်ပြောခဲ့မိတဲ့နောက်ပိုင်းမှာတော့ နွေးနေခြည်ရဲ့ရင်ထဲမှ ချုပ်ထိန်းထားသမျှခံစားချက် တွေလည်းအနဲငယ်ပေါ့ကျသွားသလို ခံစားရပါတယ်။

ဒါပေမယ့် ဘာလို့ အနဲငယ်ဘဲ စိတ်ပေါ့သွားရတာလဲမေးရင်‌တော့ ဇင်က ကျွန်မနေပြန်ကောင်းလာမှ ပေးမယ်ဆိုတဲ့အဖြေကို ‌ေ၀့လည်ကြောင်ပတ်လုပ်နေပြီး မပေးသေးလို့လေ။

ကြည့်ရတာ ဇင်က ကျွန်မကို မချစ်နိုင်လို့များလား?

ဒီလိုတွေးမိတော့လည်း ရှိလက်စ အခွင့်အရေးလေးတွေတောင်ဆုံးရှုံးရမယ့် မိမိအဖြစ်ကိုတွေးရင်း နွေးနေခြည် ရင်ပူမိသည်။

One and onlyOn viuen les histories. Descobreix ara