"ဇင် ရေ...ဇင် ထတော့လေ...၉နာရီထိုးတော့မယ်"
"အင်း...နောက်ငါးမိနစ်လောက်ဘဲ"
"ဇင်နော်...ထမှာလား..မထဘူးလား..."
နွေးနေခြည်၏ စကားသံကြောင့် ဆက်အိပ်ချင်နေသေးသည့် ၀င့်ဖူးသဇင်ခမျာ အိပ်နေရာကနေ ငေါက်ခနဲထထိုင်တော့၏။
"ထမှာပါ...နွေးလေးကလည်း...ထနေပြီနော်..စိတ်ဆိုးနဲ့"
"အွမ်း...ထပြီးရင်မျက်နှာသစ် သွားတိုက်ပြင်ဆင်တော့ ခဏနေ အန်တီစန်းဆိုင်မှာ ထမင်းကြော်သွားစားရအောင်"
"ဟုတ်ကဲ့ပါရှင့်....ဒါနဲ့လေ...အနွေးလေးက ငါ့ကို မျက်နှာသစ်သွားတိုက်မပေးချင်ဘူးလားဟင်?"
"မျက်နှာသစ်သွားတိုက်ပေးရအောင် ဇင်က ကလေးမိုလို့လား..."
"ကလေးမဟုတ်ပေမယ့်..အချစ်နဲ့တွေ့ရင် လူတိုင်းက ကလေးဖြစ်သွားတတ်တယ်လေ နွေးရဲ့"
"အမလေး...အချစ်အကြောင်းဘာမှမသိဘူးဆိုတဲ့လူကလည်း ပြောတတ်လိုက်တာ"
"အရင်ကတော့မသိဘူး..အခုတော့သိသွားပြီလေ အဲ့တာကြောင့်မို့ ပြောတတ်သွားတာပေါ့"
"တော်တော်ကဲ...ရည်းစားဖြစ်တာကဖြင့် ငါးရက်နဲ့ တစ်မနက်ဘဲရှိသေးတာကို...အပိုတွေ သိပ်ပြောတာဘဲ"
"ငါးရက်နဲ့ တစ်မနက်ဘဲ မဟုတ်ပါဘူး။ ငါးရက်နဲ့ တစ်မနက်ကြီးများတောင်ပါ"
"ထားပါတော့ ...အဲ့တာနဲ့ဘဲ စားဖို့ နောက်ကျတော့မယ်။ "
"ဟုတ်ကဲ့ပါရှင့် မင်းသမီးလေးသဘောအတိုင်း အခုဘဲ သွားပြင်ဆင်လိုက်ပါ့မယ်"
သွားပြင်ဆင်မယ့်သူကလည်း ရိုးရိုးမသွားဘူး။နွေးနေခြည်ရဲ့ပါးကို ရွှတ်ခနဲနမ်းပြီးမှ သွားရတယ်လို့။
အနမ်းခံရတဲ့သူကလည်း မကျေနပ်ရှာပါဘူး။အပြုံးကြီးကြီးတစ်ခုကို နှုတ်ခမ်းမှာချိတ်ဆွဲထားတာကလွဲရင်ပေါ့။
.
.
အန်တီစန်းရဲ့ ဆိုင်ကိုရောက်တော့ ၀ိုင်းတစ်ခုမှာ ထိုင်နေတဲ့ ပြည့်သိင်္ဂီကို ၀င့်ဖူးသဇင်တွေ့လိုက်ရ တဲ့အတွက်