Part-18(Uni)

1.3K 115 3
                                    

နွေးနေခြည်နဲ့ ပြည့်သိင်္ဂီတို့၏ ဒီနေ့အတန်းကတော့ ဆယ့်နှစ်နာရီနဲ့တင်ပြီးသွားခဲ့၏။

၀င့်ဖူးသဇင်ကတော့ ညနေလောက်မှ အတန်းပြီးမှာဖြစ်တဲ့အတွက် နွေးနေခြည်နဲ့ ပြည့်သိင်္ဂီတို့က ကျောင်းမှအရင်ပြန်လာခဲ့ကြပါသည်။

ကျောင်းကအပြန် အဆောင်သို့‌ရောက်ပြီး ခဏအကြာမှာဘဲ နွေးနေခြည်ထံသို့ ပြည့်သိင်္ဂီဖုန်း ဆက်လာ၏။

"အေး...ပြည့် ပြော"

"ဟဲ့,,နေခြည် ခုနတုန်းကငါမုန့်ဆိုင်ဘက်သွားတဲ့အချိန် အချောလေးကိုတွေ့ခဲ့တယ်တော့"

"ဟုတ်လို့လား....ဇင်က လေးနာရီလောက်မှအတန်းပြီးမှာလေ"

"အဲ့ဒါကြောင့်မို့ ငါလည်းနင့်ကိုဖုန်းဆက်လှမ်းမေးတာ...အမှန်ဆို အချောလေးက လေးနာရီမှ အတန်းပြီးမှာကို ဘာလို့ဒီမှာ ယောက်ျားလေးတစ်ယောက်နဲ့ အတူထမင်းစားနေတာလဲ မသိဘူး"

"ယောကျာ်းလေး?"

"ဟုတ်တယ်။ ငါကြည့်ရသလောက်တော့ လူချမ်းသာထဲကယောကျာ်းလေးတစ်ယောက်ပုံဘဲဟ။ ၀တ်ထားစားထားတာတော့ တော်တော် ခန့်ခန့်ညားညားဘဲ"

"အဲ့လူက အသက်ရောဘယ်နှစ်နှစ်လောက်ရှိပြီထင်လဲ ပြည့်"

"အင်း...၂၅ ၊ ၂၆လောက်တော့ ရှိမယ်ထင်တယ်။အချောလေးနဲ့ အတူထမင်းစားရင်းတောင် စကားပြောနေကြတာဆိုတော့ အဲ့လူက အချောလေးနဲ့ အရမ်းရင်းနှီးတဲ့လူတစ်ယောက်ဖြစ်မယ်ထင်တယ်။ပြီးတော့ ငါ့စိတ်ထင်ပြောရရင် သူက အချောလေးရဲ့ ရည်းစားတောင်ဖြစ်နေမလားမသိဘူးနော်..နေခြည်"

"အာ,,,မဟုတ်လောက်ပါဘူး။ နင်အမြင်မှားတာလည်း ဖြစ်ချင်ဖြစ်မှာပါ"

"မမှားဘူး...ငါ အသေအချာကိုမြင်ခဲ့တာ။တကယ်လို့ နင်မယုံရင် အချောလေးကိုဖုန်းဆက်ပြီး မေးကြည့်လိုက် ဘယ်မှာလဲဆိုတာ သိရအောင်"

"အေး...ငါအခုဆက်ပြီးမေးကြည့်လိုက်မယ်"

ပြည့်သိင်္ဂီကို အဲ့စကားဘဲပြောပြီး ဖုန်းကိုအမြန်ချကာ ဇင့်ဆီသို့ ဖုန်းခေါ်လိုက်၏။

သို့သော် ဇင့်ဖုန်းက အခုချိန်ကျမှ လုံး၀ခေါ်မရ။ခေါ်လိုက်တိုင်း စက်ပိတ်ထားသည်ဘဲ ဖြစ်နေတော့ နွေးနေခြည်ရင်ထဲက အပူလုံးကြီးက တဖြည်းဖြည်းကြီးမားလာခဲ့၏။

One and onlyOnde as histórias ganham vida. Descobre agora