Part-28(Uni)

1.4K 112 0
                                    

အဘွားဖြစ်သူက လက်ခံပေးလိုက်ပြီဖြစ်တဲ့အတွက် စိတ်လွတ်လက်လွတ်နဲ့ ပျော်ရွှင်နေခဲ့ကြ သည့် နွေးနေခြည်နှင့် ၀င့်ဖူးသဇင်တို့နှစ်ဦး။

သူမတို့နှစ်ယောက်ရဲ့ အပျော်ကတော့ တကယ်တမ်းမှာ ၁လနီးပါးပင် မခံလိုက်ပါ။

နောက်ထပ်ရင်ဆိုင်လာရမည့် စိတ်ပူစရာ ကိစ္စရပ်တချို့က ရှိလို့လာခဲ့ပါသည်။

လပြည့်နေ့ဖြစ်တဲ့အတွက် နွေးနေခြည်၏ မိခင်ဖြစ်သူ ဒေါ်ချိုချိုမာဟာ ဆိုင်ရှိ၀န်ထမ်းများကို ဘုရားသွား ကျောင်းတက်ပြုလုပ်ရန် ပိတ်ရက်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း အိမ်မှာနားနေခဲ့၏။

ထိုသို့နားနေရင်းနဲ့မှ ကျောင်းတက်နေသည့် သမီးဖြစ်သူ၏ အခန်းကို သန့်ရှင်းရေးလုပ်ဖို့ရန် သူမ တွေးမိ၏။

အလုပ်နဲ့လက်မပြတ်ဖြစ်နေမှ ကျေနပ်နေသူဆိုတော့လည်း အခုလို နားနေရတဲ့အချိန်မှာတောင် အေးအေး ဆေးဆေး မနားနိုင်ဘဲ လုပ်စရာအလုပ်ရှာနေမိသည်မဟုတ်ပါလား။

သန့်ရှင်းရေးလုပ်ဖို့ရန် အတွေး၀င်ပြီးမကြာခင်မှာဘဲ ကြက်မွေးတစ်ချောင်းနဲ့အတူ သမီးဖြစ်သူ ရဲ့ အခန်းထဲသို့ သူမ၀င်သွားလေတော့၏။

"အင်း...ဒီပင့်ကူတွေကလည်း ငါ့သမီး ကျောင်းသွားတာ တစ်လမပြည့်သေးဘူး ဟိုနားတက် ဒီနားတက်နဲ့ပါလား"

ပါးစပ်ကပြောလည်းပြော ဖုန်သုတ်လိုက် ၊ ပင့်ကူမျှင်တစ်ချို့ကို ဆွဲဖယ်လိုက်နဲ့ သူမအလုပ်ရှုပ်နေ၏။

"ဗီရိုထဲက စာအုပ်တွေကိုပါ တစ်ခါတည်းရှင်းလိုက်ရင်ကောင်းမလား,,,,အာ,,,သော့ခတ်သွားတာ ဘဲ,,,ဒီကလေးမကတော့ သူ့စာအုပ်တွေကို ဘယ်သူကြည့်မှာစိုးလို့ သော့ခတ်သွားတာလဲ မသိဘူး....အင်း,,,,တစ်နေရာရာမှာတော့ သော့ထားခဲ့မှာဘဲ,,,ဘယ်နားမှာထားခဲ့လဲ မသိဘူး,,,ရှာကြည့်ဦးမှပါ...မဟုတ်ရင် စာအုပ်တွေက သန့်ရှင်းရေးမလုပ်တာကြာ‌တော့ မကောင်း‌တော့ဘဲနေမယ်"

သမီးဖြစ်သူရဲ့ စာအုပ်ဗီရိုကို သန့်ရှင်းရေးလုပ်ဖို့အတွက် ခတ်ထားတဲ့ ဗီရိုသော့ကို ဒေါ်ချိုချိုမာ ကြိုးစားပမ်းစားလိုက်ရှာနေ၏။

One and onlyWhere stories live. Discover now