Part-26(Uni)

1.4K 112 2
                                    

ချစ်သူဖြစ်ပြီးမကြာသေးခင်အချိန်မှာဘဲ ဝေးကွာခဲ့ရတယ့် နှစ်လတာ ကျောင်းပတ်ရက်ကြီးက နှစ်ကမ္ဘာလောက် ရှည်ကြာနေသလို သူ ခံစားနေရ၏။

ထိုသို့ ခံစားနေရင်းနဲ့မှ မိမိဆီကို ဒီလို အချိန်မျိုးမှာ ဖုန်းဆက်ခဲ့ဖူးသည့် နွေးရဲ့ အသံလေးကို ပြန်ကြားယောင်နေမိပြန်တော့ အလွမ်းဆိပ်က ပိုတိုးလာခဲ့ပြန်၏။

ညတိုင်း ဗီဒီယိုကောလ်ပြောပြီး စာတွေအပြန်အလှန်ပို့နေပေမယ့်လည်း နွေးကို မိမိရင်ခွင်ထဲမှာ ထားပြီး ဖက်ထားချင်စိတ်က ထိန်းမရ။

မနက်ခင်းတိုင်း နွေးဆီက မောနင်းကစ်ကို မရမကတောင်းတတ်ခဲ့တာကိုလည်း ပြန်သတိရနေ မိပြန်တော့ လေလှိုင်းထဲကနေဘဲ အနမ်းတွေခြွေနေရတာကို သူမတင်းတိမ်နိုင်ခဲ့။

ပိုတယ်လို့ များ မင်းတို့ထင်နေမလား...

ဟင့်အင်း...ဒါက ပိုတာမဟုတ်ပါဘူး။

တကယ်တော့ ကိုယ်ချစ်တဲ့သူကို မတွေ့ရခင်အချိန်ထိ ကိုယ်နဲ့သွေးမတော်သားမစပ်တဲ့ သူစိမ်းတစ်ယောက်ကို ကိုယ့်အသက်လောက် ချစ်မိခဲ့လိမ့်မယ်လို့ မင်းတို့တွေးဖူးမှာမဟုတ်ဘူး။

ငါကိုယ်တိုင်လည်း မတွေးခဲ့ဖူးဘူး။

ဒါပေမယ့် မင်းလူတစ်ယောက်ကို ချစ်မိသွားပြီဆိုရင်တော့ မင်းအရင်က မတွေးဖူးတဲ့ အတွေး တွေအကုန်လုံးက ခေါင်းထဲ အလိုလို၀င်လာလိမ့်မယ်...

အဆင်ပြေရဲ့လား...နေကောင်းရဲ့လား

ဘာတွေများလုပ်နေမလဲ...

ဒီလိုအသေးအဖွဲ့လေးတွေကအစ ကိုယ်တွေးနေမိလိမ့်မယ်...

တကယ်ချစ်မိသွားတဲ့သူတိုင်းက ကိုယ် ကိုယ်တိုင်ထက် သူ့အတွက်ဘဲ စဥ်းစားပေးဖြစ်တော့ တယ်။

ဘာလို့လဲဆိုတော့ သူ့ရဲ့ပျော်ရွှင်မှုက ကိုယ့်ရဲ့ပျော်ရွှင်မှုဖြစ်နေတဲ့အတွက်,,

သူ့ရဲ့အပြုံးလေးတစ်ခုကအစ ကိုယ့်ဘ၀အတွက် ရှေ့ဆက်ရမယ့် ခွန်အား‌လေး တစ်ခုဖြစ်နေတဲ့ အတွက်,,

ညနက်တဲ့အထိ မနေတတ်တဲ့သူတစ်ယောက်ကတောင် ကိုယ်တကယ်ချစ်ရသူနဲ့ဆိုရင် ညလုံးပေါက် စကားတွေပြောချင်နေမိတာလေ...

One and onlyWhere stories live. Discover now